“ ကျမတို့ မြန်မာနိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ ကိုယ် အကြမ်းဖက်ခံနေရတာကိုတောင်မှ အကြမ်းဖက်ခံနေရတယ်လို့ သဘောမပေါက်တဲ့ သူတွေလည်း ရှိတယ်”
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု – GSCB အဖွဲ့ဝင် အမျိူးသမီးတစ်ဦး
ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအနေဖြင့် သတ်မှတ်ပြီး အသိပညာပေးလှုံ့ဆော်မှုများနှင့် လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်ကြသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ ဘုရားသုံးဆူဈေးအတွင်းတွင်လည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်စေရေး ၁၆ ရက်တာလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။