ရန်ကုန်ပြည်သူ့ဆေးရုံကြီး ICU အတွင်း ဆေးကုသမှုခံယူနေသည့် ရွှေညဝါဆရာတော် ဦးပညာသီဟသည် ကျန်းမာ ရေးပြန်လည်ကောင်းမွန်လာ၍ အင်းစိန်ထောင် တွင်းဆေးရုံသို့ ပြောင်းရွှေ့ကုသမှုပေးထား ကြောင်း အကျဥ်းဦးစီးဌာနထံမှ သိရသည်။
ရွှေညဝါဆရာတော် ကျန်းမာရေးကောင်းမွန်၍ အင်းစိန်ထောင်တွင်းဆေးရုံ၌ ကုသမှုခံယူနေ သည်မှာ သုံး ရက်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရ သည်။
“ ဆရာတော် ကျန်းမာရေးပြန်ကောင်းလာပါပြီ။ ရန်ကုန်ဆေးရုံကြီးက ဆင်းခွင့်ပြုလိုက်လို့ ဒီထောင်တွင်းဆေးရုံမှာ ခဏတင်ထားတယ်ပေါ့နော်။ သီးသန့်ထောင်ကိုတော့ပြန်မပို့သေးဘူး။ ပြန်ဆင်းလာတာ သုံးရက်လောက်ရှိပြီ” ဟု ရန်ကုန် တိုင်းအကျဥ်းစီးဌာန အရာရှိ တစ်ဦးက MPA သို့အတည်ပြု ပြောဆိုသည်။
ရွှေညဝါဆရာတော်သည် ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်အတွင်း ချုပ်နှောင်ခံထားရပြီး ဇူလိုင်လ ၂၂ ရက်နေ့က အောက်စီဂျင် ကျလာသဖြင့် ရန်ကုန်မြို့ဆေးရုံကြီးသို့ တင်ပို့ဆေးကုသပေးခဲ့ ရကြောင်း သိရသည်။
ရန်ကုန်မြို့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ICU တွင် ဆေးကုသမှုခံယူနေစဥ် swab ယူစစ်ဆေးခဲ့ရာမှ COVID-19 Negative အဖြေ ထွက်ရှိခဲ့ပြီး ယခုကဲ့သို့ ပြန်လည်သက်သာလာ ကြောင်း သိရသည်။