ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၏စစ်ရေးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောနေစိုးမြသည် ကိုဗစ်ရောဂါဖြင့်ထိုင်းနိုင်ငံမဲဆောက်မြို့တွင်သြဂတ်လ၃ရက်နေ့ ညပိုင်း၌ ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
ဗိုလ်ချုပ်စောနေစိုးမြသည် KNUခေါင်းဆောင်ကြီးစောဘိုမြ၏သားအငယ်ဆုံးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်၄၆နှစ်ရှိပြီဖြစ်သည်။
ဗိုလ်ချုပ်စောနေစိုးမြကွယ်လွန်ရခြင်းမှာ ကိုဗစ်ရောဂါဖြင့်ကွယ်လွန်ခြင်းဖြစ်ကြောင်း ကရင်သတင်းဌာနတစ်ခုဖြစ်သည့် KICသတင်းဌာနကဖော်ပြထားသည်ကိုတွေ့ရသည်။
ဗိုလ်ချုပ်စောနေစိုးမြသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၏တပ်ရင်း(၂၀၂)တွင်တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ကရင်ငြိမ်းချမ်းရေးကောင်စီတွင်ဗျူဟာမှူး၊စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌနှင့်စစ်ရေးချုပ်အဖြစ်လည်းကောင်းတာဝန်များထမ်းဆောင်ခဲ့သည်။
Photo_ KIC(Karen Information Center)