ထားဝယ်မှာ ပစ္စတိုကိုင်ပြီး စျေးသည်များဆီမှဆက်ကြေးကောက်နေသည့် ပျုစောထီး မသန်းသန်းတင့်ကို စျေးထဲတွင် ပစ်သတ်ခဲ့ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကပြောသည်။
ပစ်သတ်ခံရသည့် အမျိုးသမီးသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန်းဒလဲရွာနေ ပျုစောထီးအဖွဲ့ဝင် မသန်းသန်းတင့်ဖြစ်ပြီး ပန်းဒလဲ စျေးသို့ဆတ်ကြေးကောက်ရန် နေအိမ်မှ ထွက်လာစဉ်လမ်းခုလတ်မှာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ၃ မှ ရဲဘော်များ၏ရှင်းလင်းမှုကို ခံခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT-တပ်ခွဲ၃)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“တပ်ခွဲ ၃ကရဲဘော်တွေ ရှင်းလင်းခဲ့တာပါ။ ကျည်လေးချက်ပစ်ပြီး သတ်ခဲ့တာပါ။ အဲအမျိုးသမီးက ပျုစောထီးဆိုပြီး စျေးသည်တွေဆီက ဆက်ကြေးတောင်းတယ်။တစ်ဝက်ကိုသူယူပြီး စစ်ခွေးတွေကို ဘောမနေတာ။ မစ်ရှင်သွားတဲ့သူတွေ ဘေးကင်းရာရောက်နေပါပြီ ”ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT-တပ်ခွဲ၃)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ဧပြီလ(၂၈)ရက်၊နံနက်(၇)နာရီခန့် က ဒေါ်သန်းသန်းတင့် ဆိုသူကို နေအိမ်အပြင်ဘက်တွင် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT-တပ်ခွဲ၃)မှ ရဲဘော်များက ဆိုင်ကယ်ပေါ်မှ ကျည်လေးချက်ပစ်ပြီး သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း DDT တပ်ခွဲ၃၏တာဝန်ခံတစ်ဦးကဆိုသည်။
သေဆုံးသူ အမျိုးသမီးသည် ကျေးရွာအတွင်းရှိစျေးများတွင် ဆဲဆိုကာဆက်ကြေး(စစ်ကြေး)ကောက်ခံပြီး အကြမ်းဖက်စစ်ကောင်စီကို ပံ့ပိုးနေသူဖြစ်ပြီး ပန်းဒလဲရွာ၏ ပျုစောထီး ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပန်းဒလဲရွာသားတစ်ဦးကပြောသည်။
“ဒေါ်တင့်က တော်တော်အပေါက်ဆိုးတာ။သူ့မှာ သေနတ်အစစ်လဲရှိတယ်။တပ်ကော ပျူစောထီးရော သူပိုင်တော့ သူ့ကိုမထိရဲတာ။ ”ဟု ပန်းဒလဲရွာသားတစ်ဦးကပြောသည်။
ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းတင့် သေဆုံးမှုနှင့်ပတ်သက်ပြီး လောင်းလုံးဖက် မှထားဝယ်ဖက်သို့ တက်လာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ကားပေါ်မှ အခင်းဖြစ်နေရာအနီးရှိ ရွာများကို သေနတ်ဆက်တိုက်ပစ်ဖောက်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။