နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကိုဇမ္ဗူသီရိအထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချလိုက်သည်။
ဒီကနေ့ ဒီဇင်ဘာလ၆ရက်ေန့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သဘာ၀ဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ်၊ သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ် ၄ နှစ်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို ထောင်ဒဏ် ၂ နှစ် စီချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုအမိန့်ချမှတ်ခဲ့သည့် အမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် အမှုပေါင်းမှာ ၁၁မှုရှိထားသည်။
ဆက်သွယ်ရေးဥပဒေဖြင့် ၁ မှု၊ ပို့ကုန်သွင်းကုန်ဥပဒေဖြင့် ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ၂ မှု၊ ပုဒ်မ ၅၀၅ (ခ) ၁ မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်၅ မှုဖြစ်ကြောင်း သိရသည်။
State Counsellor Daw Aung San Suu Kyi and President U Win Myint Sentenced to 4 Years each in Prison
By MPA
The Zabuthiri special court has ruled a four-year prison sentence each on the State Counsellor Daw Aung San Suu Kyi and president U Win Myint.
Today, December 6, the State Counsellor Daw Aung San Suu Kyi and president U Win Myint were sentenced to four years each in prison – 2 years on natural disaster management law and 2 years on section 505 – totaling four years, according to lawyers community.
The State Counsellor Daw Aung San Suu Kyi and president U Win Myint were given a four-year prison sentence each and Doctor Myo Aung, Naypyitaw council chairman, was sentenced to two years in prison.
Including the previous charges, there are in total 11 charges sued against Daw Aung San Suu Kyi.
The charges are 1 on telecommunications law, 1 on export and import law, 2 one section 25 of natural disaster management law, 1 on section 505(b) and 5 on section 55 of anti-corruption law.