စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ ပြည်သူ့အခြေပြု NUG ကျောင်းတစ်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၆၀ ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဇူလိုင်လ ၁၂ ရက် ယမန်နေ့က သွာရောက်၍ သံချဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
“ ပြည်သူ့အခြေပြု တည်ဆောက်ထားတဲ့ NUG ပညာရေးကျောင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာပါဗျ။ ကလေးတွေအရင်လို သံချဆေး မသောက်ရတာကြာပြီဗျ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ အရင်ကလည်း သံချဆေး ၁၀၀၀ တိုက်ကျွေးခဲ့ပါတယ်။ ၆လတစ်ကြိမ်တိုက်ကျွေးဖို့လည်းအစီစဉ်ရှိပါတယ်” ဟု အညာပစ်တိုင်း ထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
အညာပစ်တိုင်းထောင်လေးများ အဖွဲ့အနေဖြင့် ယခင်ကလည်း သံချဆေးများ တိုက်ကျွေးခဲ့ဘူးပြီး ယခု ကျောင်းသား၊ ကျောင်းသူ ၃၆၀ ယောက်ကိုတော့ ပထမဆုံးအကြိမ် တိုက်ကျွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းနှင့်အတူ ကျောင်းကျန်းမာရေး အသိပညာပေး လုပ်ငန်းများအား လုပ်ဆောင်ပေးခဲ့ကြောင်းလည်း စုံစမ်းသိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်ခင်အချိန်ကတော့ ကျောင်းသား၊ကျောင်းသူ၊ ကလေးများ၏ ကျန်းမာရေးအတွက် သံချဆေး တိုက်ကျွေးခြင်းအာ နိုင်ငံတော် အစိုးရများအနေဖြင့် တိုက်ကျွေးပေးလေ့ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်တွင် စစ်ကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်များ အပေါ်တွင် ကျေးရွာများသို့ ဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးမှု မရှိတော့ကြောင်း သိရသည်။