By ခေတ်မင်းကို / MPA
ရန်ကုန်တွင် ရွှေနှင့်ဒေါ်လာစျေး တရားဝင်အရောင်းဝယ် မရှိဘဲ ဒေါ်လာပြင်ပပေါက်စျေး၂၆၀၀ ကနေ ၃၀၀၀နီးပါး မှောင်ခိုစျေးကွက်တွင် အမြင့်ဆုံးရောက်နေကြောင်း စျေးကွက်ျာာသည်။
ဒေါ်လာ ကိုသွင်းကုန်လိုင်စင်ရရှိသူများမှ ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် တရားဝင် ဝယ်ယူနိုင်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေငြာထားသော်လည်း လက်တွေ့တွင် လိုအပ်သလောက် ဘဏ်များတွင် ဝယ်ယူလို့မရကြောင်း လုပ်ငန်းရှင်များကပြောသည်။
“စစ်ကောင်စီက အထူးစုံစမ်းစစ်ဆေးရေးစသုံးလုံးဌာနကတဆင့် ဒေါ်လာ လမ်းကြောင်းတွေ ကိုပိတ်ပြစ်တာ။ အခုအချိန်မှာမှောင်ခိုဝယ်နေရတာပေါ့။ “ဟု အိမ်သုံးပစ္စည်းများပြည်ပမှတင်သွင်းနေသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ သွင်းကုန်၉၀ရာခိုင်နှုန်းကျော်ကို ပြည်ပမှနှစ်စဉ် တင်သွင်းနေကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF မှပြည်တွင်းအခြေစိုက်ပညာရှင်တစ်ဦးကပြောသည်။
“အရင်တုန်းကတော့ နှစ်စဉ်စီးပွါးရေးအစီအရင်ခံစာတွေကို အစိုးရဌာနတွေနဲ့ပူးပေါင်းလေ့လာလို့ရတယ်။ အခုအချိန်မှာ တိတိကျကျလေ့လာဖို့အရမ်းခက်သွားပြီ ။စစ်ကောင်စီဘက်ကလည်း ဒေါ်လာကို လက်မှာကိုင်သုံးလို့မရအောင် ပိတ်ထားလိုက်တော့ မှောင်ခိုစျေးကအမျိုးမျိုးဖြစ်ကုန်တယ်။ “ဟု ယင်းစီးပွါးရေးပညာရှင်ကဆက်ပြောသည်။
သွင်းကုန်လိုအပ်ချက်ကြောင့် အထွေထွေကုန်စျေးနှုန်း မြင့်တက်လာကာ ဝင်ငွေမလုံလေက်မှုနှင့် စားဝတ်နေရေးကြပ်တည်းမှု မြင့်တက်နေသည်။
သွင်းကုန်အတွက် ဒေါ်လာလိုအပ်ချက်ကို အကြမ်းဖက်စစ်ကောင်စီက မဖြေရှင်းပေးသည့်အပြင်ရွှေစျေးကိုပါစသုံးလုံးညွန်ကြားချက်ဖြင့် အခေါက်ရွှေတစ်ကျပ်သားကို နှစ်ဆယ့်တစ်သိန်းခြောက်သောင်းဖြင့် ပုံသေသတ်မှတ်ရောင်းချရန် ရွှေလုပ်ငန်းရှင်များကို အကြမ်းဖက်စစ်ကောင်စီက အမိန့်ပေးထားသည်။
“စစ်ကောင်စီကသတ်မှတ်တဲ့စျေးနဲ့ တကယ်သွားဝယ်ရင်ရောင်းနိုင်တဲ့သူမရှိဘူး။ ရွှေထည်ပစ္စည်းလုပ်ဖို့လိုရင်အချင်းချင်းပဲဝယ်ရတာ။ စျေးကလည်းအတည်တကျမရှိဘူး ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတယ်”ဟုရန်ကုန်မြို့ခံရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် သွင်းကုန်လုပ်ငန်းရှင်အများစုမှာ စစ်ကောင်စီ၏သွင်းကုန်လျော့ချရေး မူဝါဒကြောင့် ပြည်ပကိုငွေချေရန်ဒေါ်လာလုံလုံလောက်လောက်မရဘဲငွေမချေနိုင်သည့်ပြသနာကြုံတွေ့နေရသည်။
စက်သုံးဆီ၊စားအုန်းဆီနှင့်ဆေးဝါးအလှကုန်အပါအဝင် ကုန်စည်အများစုမှာ နိုင်ငံခြား မှတင်သွင်း နေရခြင်းကြောင့် စျေးနှုန်း၂၀ရာခိုင်နှုန်းအထက်သို့မြင့်တက်လာသည်။
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ခြောက်လအတွင်း စီးပွါးရေးပြန်ကောင်း ရန်လုပ်ဆောင်မည် ဆိုသော်လည်း လက်တွေ့တွင်မဖြစ်နိုင်ကြောင်း စီပွါးရေးလုပ်ငန်းရှင်များ ကခန့်မှန်းထားသည်။
ကမ္ဘာဘဏ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏စီးပွါးရေးအခြေအနေမှ အရင်နှစ်များထက်၁၈ရာခိုင်နှုန်းကျဆင်းနေသည်။ သွင်းကုန်လိုအပ်ချက်လျော့ချထားသော်လည်းကုန်စျေနှုန်းမြင့်တက်နေခြင်းကြောင့် ငွေကြေးရှားပါးသည်နောက်ဆက်တွဲပြသနာများကြုံတွေ့နိုင်ကြောင်းသိရသည်။