By MPA 001
KNDOနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက တစ်မိုင်တောင်အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦး စနိုက်ပါထိမှန်ပြီး ၂ဦးသေဆုံးခဲ့ကြောင်း သွားရော က်တိုက်ခိုက် ရာတွင်ပါဝင်သည့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲကို KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၂ရှိ KNDOရဲဘော်များနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တစ်မိုင်တောင်သို့ စနိုက်ပါဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ ဒီနေ့ မနက် ၇နာရီက သွားတိုက်တာပါ။ ပုလောကုန်းရွာနားက ခွေးတွေ တပ်စွဲထားတဲ့ တစ်မိုင်တောင်ဂိတ်ကို စနိုက်ပါနဲ့ပစ်တာပါ ” ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
တစ်မိုင်တောင်ဂိတ်သို့ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သည့် KNDO နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်အား MPAမှ မေးမြန်းရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ဦးအား ချက်ကောင်းထိမှန်အောင်ပစ်နိုင်ခဲ့ပြီး ကျန်သုံးဦးမှာမူ သေမသေကို သေချာအတည်မပြုနိုင်ကြောင်း ရှင်းပြသည်။
” မနက်က ငါးချက်ပစ်တယ်။ ပစ်ကွင်းလည်း ရှင်းတယ်။ စစ်ခွေး နှစ်ကောင်တော့ သေချာပေါက်ကျတယ်။ ကျန်တဲ့သုံးကောင်ကတော့ ထိပေမယ့် ချက်ကောင်းမဟုတ်လို့ သေမသေမပြောနိုင်ဘူး ” ဟု စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သည့် KNDOပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
‘
တစ်မိုင်တောင်ဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယနေ့နံနက် ၁၀နာရီကျော်ခန့်က ပုလောအခြေစိုက် ၂၈၅တပ်ရင်းအတွင်းမှ တစ်မိုင်တောင်ဂိတ်အနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ၁၀ချက်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
လက်ရှိမှာ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဘေးကင်းလုံခြုံသည့် လွတ်မြောက်နေရာအတွင်းသို့ အကျအဆုံးမရှိ ပြန်လည်ရောက်ရှိနေပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု MPAမှ တဆင့် အသိပေးပြောဆိုခဲ့သည်။