အကြမ်းဖက်စစ်တပ်၏ မပေါက်ကွဲသေးသည့် ရေငုပ်သင်္ဘောသုံး တော်ပီဒိုတစ်လုံးကို ယနေ့နံနက်က ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကျေးရွာအနီးရှိ ပင်လယ် ကမ်းခြေတွင် တွေ့ရှိခဲ့သည် ဟု ဒေသခံများက ဆိုသည်။
” ဒီမနက်ကတွေ့တာပါ။ ပင်လယ်ကမ်း ခြေမှာပါ။ ခုထိအဲဒီနားမှာပါပဲ။ ဒေသခံတွေကတော့ ပေါက်ကွဲမှာကို စိုးရိမ်နေကြပါတယ် ” ဟု မာန်အောင်ဒေသခံတစ်ဦးက MPA သို့ပြောသည်။
အကြမ်းဖက်စစ်တပ်က ယခုဇူလိုင်လ ၁ ရက်နေ့မှစပြီး ၅ ရက်နေ့အထိ ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022)အား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုလေ့ကျင့်မှုတွင် တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ)နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲ ကျော်ထင်)အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလေ့ကျင့်မှုသို့ ဇူလိုင်လ၅ ရက်နေ့က၊ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်ကြည့်ခဲ့သည်။