သတင်း

ကယားစစ်ရှောင်စခန်းများတွင်ဆေးဝါးနှင့်ကိုဗစ်ကာကွယ်ရေးပစ္စည်းများလိုအပ်နေ

By MPA ကယားပြည်နယ်အတွင်းစစ်ရှောင်စခန်းများတွင်ဆေးဝါးများနှင့်ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများလိုအပ်နေကြောင်းသိရသည်။ “ကျွန်မတို့ဆီမှာကိုဗစ်ဖြစ်တဲ့သူတွေအောက်ဆီဂျင်ပြတ်တဲ့သူတွေတော့အခုချိန်ထိမရှိသေးပါဘူး။ရာသီတုပ်ကွေးဖြစ်တဲ့သူတွေငှက်ဖျားမိပြီးဖျားတဲ့သူတွေပဲရှိပါတယ်။အဓိကကတော့ဆေးဝါးတွေလိုအပ်ပါတယ်။ပြီးတော့ဒီမှာလူများတော့ကိုဗစ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတွေလက်ဆေးဆပ်ပြာတွေတော့အလုံအလောက်မရှိသေးတော့ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ပြောရပါမယ်”ဟု ကယားစစ်ဘေးရှောင်စခန်းတွင်ရောက်ရှိနေသူတစ်ဦးကဆိုသည်။ ဇူလိုင်လပိုင်းတွင်စစ်ရှောင်လူဦးရေများပြားလာပြီးရာသီဥတုအပြောင်းအလဲများ၊နေထိုင်ရသည့်နေရာအခက်အခဲကြောင့်ဖျားနာမှုများရှိနေပြီးအနီးဆုံးဆေးကုသစခန်းမှာအချိန်အတော်ကြာသွားရကြောင်းသိရသည်။ “ကျွန်မတို့စစ်ရှောင်စခန်းမှာဆေးပေးခန်းတော့ရှိတယ်။ဒါပေမဲ့ဆေးအလုံအလောက်မရှိဘူး။ကျွန်မတို့နေတဲ့နေရာနဲ့ဆရာဝန်ရှိတဲ့နေရာကတော်တော်လေးတော့သွားရသေးမယ်။ဆရာဝန်ရှိတဲ့နေရာသွားတဲ့အခါမှာအခုက လမ်းပေါ်မှာစစ်သားတွေကနေရာတိုင်းရှိနေတော့မလုံခြုံရေးကတော့မပြောတတ်ပါဘူး”ဟုဆိုသည်။ လက်ရှိအချိန်တွင်ကယားပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ပွားသဖြင့်ပြည်သူတစ်သိန်းကျော်အနေဖြင့်အိုးအိမ်များစွန့်ခွါပြီးဘေးကင်းလုံခြုံရာများသို့ရှောင်းတိမ်းနေရသည်။စစ်ရှောင်များအနေဖြင့်လုံခြုံသောနေရာများတွင်မိုးကာများဖြင့်ဖြစ်သလိုနေထိုင်ရသဖြင့်ကျန်းမာရေးအတွက်အဘက်ဘက်မှစိန်ခေါ်မှုများရှိနေခြင်းဖြစ်သည်။ စစ်ဘေးရှောင်စခန်းများတွင်ဇူလိုင်လ၁၃ရက်နေ့အထိကိုဗစ်ကူးစက်ခြင်းမရှိသေးသော်လည်းလူဦးရေအများအပြားရှိသည့်အတွက်စစ်ဘေးရှောင်များအနေဖြင့်ကိုဗစ်ရောဂါအတွက်စိုးရိမ်ပူပန်မှုများရှိသည်။ကယားပြည်နယ်တွင်တစ်ပတ်အတွင်းကိုဗစ်ကူးစက်သူ၁၀၀ကျော်ရှိပြီးသေဆုံးသူတစ်ဦးရှိသည်။ #IDP #ကယား #MPA

Read more

By MPA NCAစည်းမျဉ်းစည်းကမ်းများကိုလိုက်နာခြင်းမရှိသည့်စောနယ်ဒါးမြဦးဆောင်သောအဖွဲ့ကိုလက်ဦးမှုရယူနိုင်ရေးအသင့်ပြင်ထားရန်ညွန်ကြားချက်ထွက်ပါ်လာကြောင်းသိရသည်။ “KNUမှစုံစမ်းစစ်ဆေးပြီးချမှတ်ခဲ့သည့်တရားစီရင်မှုကိုလည်းစောနယ်ဒါးမြမှလက်ခံခြင်းမရှိသည့်အပြင်KNUခေါင်းဆောင်များကိုလုပ်ကြံရန်စီစဉ်နေပြီး၊ NCAလမ်းကြောင်းကိုလိုက်နာခြင်းမရှိဘဲ စစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်ရန်နှင့် PDFများကိုသင်တန်းပေးနေသည့်အတွက်တပ်များအနေဖြင့်စောနယ်ဒါးမြဦးဆောင်သောအဖွဲ့ကိုလက်ဦးမှုရယူနိုင်ရေးအသင့်ပြင်ထားရန်ညွှန်ကြားထားသည့်စာတစ်စောင်ထွက်ပေါ်လာကြောင်းအမည်မဖော်လိုသူစစ်တပ်အရာရှိတစ်ဦးက MPAသို့ပြောသည်။ ယင်း...

Read more

By MPA ကေအဲန်ယူ_သထုံခရိုဘားအံ့မြို့နယ်အတွင်းတကောင်းဘိုးကျေးရွာအုပ်စုမီးပုံးကျေးရွာအတွင်းတွင်KNLA (ကရင်အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့) နှင့် အကြမ်းဖက်စစ်တပ်တို့ဇူလိုင်၁၂ရက်နေ့ည၈နာရီအချိန်မှစတင်ပြီးတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။ “အကြမ်းဖက်စစ်အုပ်စု...

Read more

By MPA KNUတပ်မဟာ၅နယ်မြေတွင်ရှိသောကျေးရွာများတွင် ဇူလိုင်(၅) ရက်နေ့မှဇူလိုင်လ (၇) ရက်နေ့အထိတိုက်ပါပွဲများဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ၁၀ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဇူလိုင်လ(၅)ရက်န့င့်ဝါ့ကလေကျေးရွာနှင့်ထဲနယ်ကျိုးကျေးရွာတွင် KNLA...

Read more

By MPA ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ လှသီတာ စိန်ရွှေရတနာဆိုင်ကို ယနေ့ နံနက်ပိုင်းအချိန်၌ လူတစ်စုသည် လက်နက်များ...

Read more
မြင်းမူမြို့ရှိ စစ်သားနှင့်ရဲများ စခန်းအပြင်မထွက်ရန် ညွှန်ကြားမြို့စောင့်ဗိုလ်မှူးကိုယ်တိုင် PDF ကိုကြောက်ပြီး အပြင်မထွက်ရဲဟုဆို

" အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲက မအောင်နိုင်ပါဘူး" စာသားဖြင့် မန္တလေးအမျိုးသမီးထုသပိတ်တိုက်ပွဲချီတက်ဆန္ဒပြခြင်းကို ဇူလိုင် ၁၀ရက်နေ့က ပြုလုပ်ခဲ့ကြသည်။...

Read more

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံး

သတင်းပေးပို့နိုင်ပြီ

By MPA ဝေါ်လေဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ နှင့် ဗိုလ်စောဘာဝါးတို့ကို တာဝန်မှယာယီရပ်ဆိုင်းKNUဗဟိုမှတာဝန်များမှရပ်ဆိုင်းလိုက်ကြောင်းသိရသည်။...

Read more

By MPA စစ်တပ်အရာရှိများအနေဖြင့် စစ်ကောင်စီ ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ဝန်ထမ်းများ၊ စစ်ကောင်စီမှ...

Read more

By MPA အကြမ်းဖက် စစ်တပ်မှပြုလုပ်မည့်၇၄ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနားကိုစစ်တပ်၏ထိန်းသိမ်းခြင်းခံထားရသည့် အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်းရှိမရှိကိုမသိရှိရသေးကြောင်းသိရသည်။ “စစ်တပ်ဘက်ကတက်ခိုင်းမယ်မတက်ခိုင်းဘူးဆိုတာတော့ကျမတို့မသိသေးဘူး။ နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့် အဲ့ကိစ္စနဲ့ပက်သက်ပြီးပြောတာတော့မရှိသေးဘူး။စောသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။လာမယ့်အပတ်မှာ လုပ်မယ့်ရုံးချိန်းကျရင်တော့ပြောဖြစ်ကြမယ်ထင်ပါတယ်”ဟု...

Read more
Page 710 of 727 1 709 710 711 727

သတင်း

ဆောင်းပါး

အယ်ဒီတာ့အာဘော်