By MPA
ကေအဲန်ယူ_သထုံခရိုဘားအံ့မြို့နယ်အတွင်းတကောင်းဘိုးကျေးရွာအုပ်စုမီးပုံးကျေးရွာအတွင်းတွင်KNLA (ကရင်အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့) နှင့် အကြမ်းဖက်စစ်တပ်တို့ဇူလိုင်၁၂ရက်နေ့ည၈နာရီအချိန်မှစတင်ပြီးတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။
“အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်များနှင့် KNLAတပ်ရင်း-၁ လက်အောက်ခံတပ်များ တစ်နာရီခန့်အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း”KNU ပြန်ကြားရေးမှသတင်းထုတ်ပြန်သည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီးKNUတာဝန်ရှိသူထံ MPAက ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍မရရှိသေးပေ။KNUသတင်းထုတ်ပြန်ရေးကKNLAမှထိခိုက်ကျဆုံးမှုမရှိသော်လည်းစစ်တပ်ဘက်မှကျရှုံးမှုအခြေအနေကိုလည်း ထုတ်ပြန်ထားခြင်းမရှိချေ။
KNUနယ်မြေများတွင်ယခုရက်ပိုင်းအတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီးစစ်တပ်ဘက်မှအသေအပျောက်များလျက်ရှိသည်ကိုတွေ့ရသည်။
စပါးစျေးထိုးကျနေသော်လည်း ဆန်စျေးနှုန်းများဆက်လက်မြင့်တက်
စပါးဝယ်ယူသည့် စျေးနှုန်းများကျဆင်းနေသော်လည်း ဆန်စျေးနှုန်းများမှာမူ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း တောင်သူလယ်သမားများနှင့် ဆန်လုပ်ငန်းရှင်များထံမှသိရသည်။ တောင်သူလယ်သမားများထံမှ ကောက်ယူသော စပါးစျေးမှာ တင်း ၁၀၀ လျှင် သိန်း ၂၀ အောက်သာရှိကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ လယ်သမားတစ်ဦးက ပြောသည်။...