By MPA
NCAစည်းမျဉ်းစည်းကမ်းများကိုလိုက်နာခြင်းမရှိသည့်စောနယ်ဒါးမြဦးဆောင်သောအဖွဲ့ကိုလက်ဦးမှုရယူနိုင်ရေးအသင့်ပြင်ထားရန်ညွန်ကြားချက်ထွက်ပါ်လာကြောင်းသိရသည်။
“KNUမှစုံစမ်းစစ်ဆေးပြီးချမှတ်ခဲ့သည့်တရားစီရင်မှုကိုလည်းစောနယ်ဒါးမြမှလက်ခံခြင်းမရှိသည့်အပြင်KNUခေါင်းဆောင်များကိုလုပ်ကြံရန်စီစဉ်နေပြီး၊ NCAလမ်းကြောင်းကိုလိုက်နာခြင်းမရှိဘဲ စစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်ရန်နှင့် PDFများကိုသင်တန်းပေးနေသည့်အတွက်တပ်များအနေဖြင့်စောနယ်ဒါးမြဦးဆောင်သောအဖွဲ့ကိုလက်ဦးမှုရယူနိုင်ရေးအသင့်ပြင်ထားရန်ညွှန်ကြားထားသည့်စာတစ်စောင်ထွက်ပေါ်လာကြောင်းအမည်မဖော်လိုသူစစ်တပ်အရာရှိတစ်ဦးက MPAသို့ပြောသည်။
ယင်း စာနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ စစ်တပ်နှင့်နီးစပ်သည့်မီဒီယာတစ်ခုကအတုဖြစ်သည်ဟုစစ်တပ်မှအတည်ပြုကြောင်းဖော်ပြထားသည်ကိုတွေ့ရသည်။
မေ ၃၁ ရက်နေ့က ကရင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး အသတ်ခံရမှုတွင်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တာဝန်ရှိသည့်စောနယ်ဒါးမြနှင့် ဗိုလ်ဘာဝါးတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း KNU ကာကွယ်ရေးဌာနက ဇူလိုင် ၈ တွင်ကြေညာခဲ့သည်။
တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ကရင်အမျိုးအသားအစည်းအရုံး (KNU) ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်ကို လက်မခံဘဲ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဇူလိုင်လ၁၁ရက်တွင်ပြောကြားခဲ့သည်။
ရခိုင်တွင် ဓါတ်ဆီဈေး အဆမတန်မြင့်တက်မှုကြောင့် သုံးဘီးဆိုင်ကယ် မောင်းသူများ အလုပ်ရပ်နားထားရ
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများဖြစ်နေသည့် ၇ လနီးပါးအချိန်တွင် ရခိုင်ဒေသတွင်း ဓါတ်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် သုံးဘီးဆိုင်ကယ်(ဒေသအခေါ် တုတ်တုတ်ချေ) မောင်းသူများ အလုပ်ရပ်နားထားရကြောင်း သုံးဘီးဆိုင်ကယ်မောင်းသူများ နှင့် ရခိုင်ဒေသခံများထံမှ သိရသည်။ ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် အောက်တိန်း-92...