မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်၏ အာဏာရှင်ဆန့်ကျင်ရေး လူထုစည်းရုံးရေးစွမ်းရည် ကို စစ်ကောင်စီက ကြောက်ရွံ့သဖြင့်အသက်နှင့်မမျှသော နှစ်ရှည်ထောင်ဒဏ်ချမှတ်နေခြင်းဖြစ် ကြောင်း မန္တလေးအခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်လက်အောက်ခံမုံရွာထောင်တွင်းတရားရုံးက ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ၁၂၂ ဖြင့်မေလ၁၉ရက်နေ့က ထောင်ဒဏ်နှစ် (၂၀) ထပ်မံချမှတ်ခဲ့သည့်အတွက် စုစုပေါင်းချမှတ်ထားသည့်ထောင်ဒဏ်၅၂နှစ်ရှိသွားခဲ့ပြီဖြစ်သည်။
“ကိုဝေမိုးနိုင်ဟာ နွေဦးတော်လှန်ရေးကမွေးဖွားပေးလိုက်တဲ့ ကြယ်တစ်ပွင့်ပါပဲ။သူ့ရဲ့စကားပြော စွမ်း ရည်၊လူထုစည်းရုံးရေးစွမ်းရည်ကို စစ်ကောင်စီက တကယ်ကိုတုန်လှုပ်ခဲ့ရတယ်။အဲဒါကြောင့်လည်း အငြိုးတကြီးနဲ့ထောင်ဒဏ်တွေ နင်းကန်ချနေတာ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းကပြောသည်။
ကိုဝေမိုးနိုင်ကို စုစုပေါင်းထောင်ဒဏ်၅၂နှစ်အထိ ချမှတ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးကပြော
သည်။
“ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက စစ်တပ်အလိုကျ လိုက်နာဆောင်ရွက်ပေးနေရတဲ့ အနေအထားတခုမှာ သူတို့ တရားရုံးတွေရဲ့ အမှုစစ်ဆေးတာ၊ တရားစီရင်တာတွေက တရားမျှတမှု ဆောင်ကြဥ်းပေးနိုင်မှာ မဟုတ်သလို တရားဝင်မှုလည်း မရှိဘူးလို့ပဲ လက်ခံနားလည်ထားပါတယ်” ဟု မုံ၎င်းကပြောသည်။
မုံရွာထောင်တွင်းတရားရုံးက ကိုဝေမိုးနိုင်ကို ပုဒ်မ ၅၀၅က ဖြင့် ၅မှု- ၁၀နှစ်၊သဘာဝဘေးပုဒ်မ ၂၅ဖြင့် (၂)နှစ်၊ ပုဒ်မ ၃၉၅၊၃၉၇ တို့ဖြင့်ထောင်ဒဏ် နှစ် (၂၀)နှင့် ယခုပုဒ်မ ၁၂၂ဖြင့်အနှစ် (၂၀) ထပ်မံချသည့်အတွက် စုစုပေါင်း ကျခံရသည့်ထောင်ဒဏ် ၅၂နှစ်အထိရှိလာပြီဖြစ်သည်ဟုသိရသည်။
ဆက်လက်ပြီး လူသတ်မှုပုဒ်မ(၃၀၂)ဖြင့် စွပ်စွဲထားသောအမှုကို ဆက်လက်ရင်ဆိုင်ရန် ကျန်နေသေး ကြောင်းသိရသည်။