စစ်ကောင်စီက ၂၀၂၃ရွေးကောက်ပွဲကို မရမက ဖော်ဆောင်နေပြီဖြစ်၍ နိုင်ငံရေးနှင့် စစ်ရေး တိုက်ပွဲ များ ပိုမိုပြင်းထန်လာပြီဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတချို့က ဆိုသည်။
စစ်ကောင်စီသည် နိုင်ငံတကာအသိုင်းအဝိုင်းကရော မြန်မာပြည်သူတို့ကပါ လုံးဝလက်မခံသည့် ၂၀၂၃ရွေးကောက်ပွဲကို မဖြစ်ဖြစ်သည့်နည်းဖြင့် ကျင်းပရန်အလို့ဌာ တစ်အိမ်တက်ဆင်း လူဦးရေစာ ရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကိုဇန်နဝါရီ၉ရက်မှ ၃၁ရက်နေ့အထိ ၂၃ရက်တာ ပြုလုပ်သွားရန် ကြံ စည်နေပြီး ယင်းသည် အာဏာကိုလက်မလွှတ်စတမ်းဆုပ်ကိုင်တော့မည့်လက္ခဏာဖြစ်ကြောင်း နိုင်ငံ ရေးသုံးသပ်သူတစ်ဦးကပြောသည်။
“မင်းအောင်လှိုင်ပြောခဲ့တဲ့ မလုပ်ရဲတာဘာမှမရှိဘူးဆိုတာကို ထပ်သက်သေပြလိုက်တာပါပဲ။အခု လူဦးရေးစာရင်းကောက်မှာကို တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေ မပူးပေါင်းဖို့ တိုက်တွန်း ထားတယ်။စစ်ရေးအရလည်း ကြာအင်းဆိပ်ကြီး တိုက်ပွဲကိုကြည့်လိုက်ရင် အရှိန်မြှင့်မယ်ဆိုတာ သေ ချာနေပြီ”ဟု ၎င်းကပြောသည်။
စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လူထုအားဖြင့် တိုက်ဖျက်ဆန့်ကျင်ကြရန်နှင့် တစ်အိမ်တက်ဆင်းလူဦးရေစာရင်းကောက်ယူခြင်းလုပ် ငန်းစဉ်ကို ပြည်သူများ မပူးပေါင်းကြရန် တော်လှန်ရေးအင်အားစုများက ဇန်နဝါရီ၅ရက်နေ့တွင် ကြေ ညာချက်ထုတ်ပြန်ထားသည်။
“အာဏာသိမ်းထားတဲ့စစ်အုပ်စုမှာ ရွေးကောက်ပွဲကျင်းပခွင့်မရှိပါဘူး။ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ကောင်တွေဟာ တိုင်းပြည်အာဏာနဲ့ ဘာမှမဆိုင်ပါဘူး။ဒီအတုအယောင်ရွေး ကောက်ပွဲကို ကျွန်တော်တို့ ပြည်သူ့အင်အားနဲ့ ရအောင်တိုက်ဖျက်ကြရမယ်”ဟု ရန်ကုန်သပိတ် တိုက်ပွဲဝင် လူငယ်တစ်ဦးကပြောသည်။
ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကလည်း စစ်ခေါင်းဆောင်တို့သည်နိုင်ငံရေးထွက် ပေါက်လုံးဝ မရှိတော့ပြီဖြစ်၍ ရွေးကောက်ပွဲပြုလုပ်ခြင်းနည်းဖြင့် တစ်ကမ္ဘာလုံးကို ထိပ်တိုက်ရင် ဆိုင်တော့မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“သိပ်မကြာခင်မှာ ထိရောက်မှုရှိမယ်ထင်ရတဲ့ အမေရိကန်ပိတ်ဆို့မှုတွေ လာလိမ့်မယ်။မင်းအောင်လှိုင်စစ်တပ်ထဲမှာလည်း စိတ်ဓာတ်အရဖရိုမရဲဖြစ်နေတာကြာပြီ။အခု ရွေး ကောက်ပွဲဆန့်ကျင်ရေးတွေရော စစ်ရေးတိုက်ပွဲတွေရောနဲ့ ၂၀၂၃ဟာ အပြတ်တိုက်ကြမယ့်နှစ်ပါပဲ” ဟု ဆိုသည်။
စစ်ကောင်စီက လူဦးရေစာရင်းကောက်ယူရာတွင် အဓမ္မခြိမ်းခြောက်မှုရှိလာပါက ရနိုင်သည့် နည်းပေါင်းစုံဖြင့် မှတ်တမ်းတင်ထားကြရန် ၊ခြိမ်းခြောက်မှုများကြောင့် လူစာရင်းပေးရပါက အချက်အလက်အမှား များသာ ပေးကြရန် ၊စာရင်းကောက်ယူရာမှာ ပါဝင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒလန်များ ကို သေချာမှတ်သားပြီး NUGအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနထံ အမြန်သတင်းပို့ကြရန် စသည်ဖြင့် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။