၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်ခြင်း ခံရမှု အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ဩဂုတ်လ ၂၅ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခိုလုံနေကြသည့် ရခိုင်ဒေသရှိ ရိုဟင်ဂျာဒုက္ခသည်များက (၅)ကြိမ်မြောက် ကျင်းပခဲ့ကြသည်။
အကြမ်းဖက်စစ်တပ်၏ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေးတွင် ရခိုင်ဒေသခံရိုဟင်ဂျာအများအပြား သတ်ဖြတ်ခံခဲ့ရလို
ဖမ်းဆီးချုပ်နှောင်မှုများလည်း ခံခဲ့ရသည့် ရိုဟင်ဂျာများသည်လည်း အများအပြားရှိခဲ့သည်။ ထို့အတူ သိန်းနဲ့ချီသည့် ရိုဟင်ဂျာများကလည်း ၎င်းတို့ မွေးရပ်ဇာတိ ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်ရှောင်နေကြရကာ ယနေ့ဆိုရင်ဖြစ် (၅)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။