ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ပန်ဖရီး ပါထီဟာနုကွန်းဟာ ယနေ့၊ ဧပြီ ၂၃ ရက်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁)သို့ လာရောက်ခဲ့ကြောင်း သိရသည်။
ပန်ဖရီး ပါထီဟာနုကွန်းဟာ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ရှိ အမှတ် (၁) တံတားအနီး နယ်စပ်မျဉ်းတစ်လျှောက်ကို မွန်းလွဲ ၄ နာရီခန့်တွင် လာရောက်ကာ လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် ၄ နာရီခွဲတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။