ပြီးခဲ့တဲ့ အောက်တိုဘာ ၉ရက်နေ့ ညက စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သော ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက် စစ်ရှောင်စခန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်း – မြန်မာ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေး တက်ကြွလှုပ်ရှားသူလူငယ်တွေက ဒီကနေ့ အောက်တိုဘာလ ၁၂ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တစ်နေရာမှာ စုပေါင်းကာ သရုပ်ဖော်ပြသခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မုန်လိုင်ခက် စစ်ရှောင်စခန်းမှာတဲ့ နှစ်လသားအရွယ် ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ အယောက် ၃၀ထက် မနည်း သေဆုံးခဲ့သလို အယောက် ၆၀နီးပါးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ပခုက္ကူ ၊ဖောင်ချောင်းရွာထဲ ပျူစောထီးတို့ အကြောင်းမဲ့ ဝင်ရောက် အကြမ်းဖက် မီးရှို့
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ၊ဖောင်ချောင်းကျေးရွာကို ပျူစောထီးတို့က အကြောင်းမဲ့ ဝင်ရောက် အကြမ်းဖက် မီးရှို့ခဲ့ကြောင်း သိရသည်။ ယနေ့ (ဧပြီ ၂၉ ရက်) နံနက် ခုနှစ်နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ညောင်ဂျစ်ပင်နှင့် ရေလာလေး ပျူစောထီးရွာမှ ပျူစောထီး အင်အား...