ယနေ့ စက်တင်ဘာလ (၂၅) ရက်နေ့ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာဖက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ််းဖက် စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက်လျက်ရှိသဖြင့် မနက် (၈:၄၅) မှစ၍ ညနေ (၇) နာရီအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါသည်။
ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနှင့် ကျောက်ဆည်ကန်၊တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များ၏ ဒီးမော့ဆိုမြို့နယ် အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့်ယခုအချိန်အထိ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်လျက်ရှိသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကုန်းသာ ကျေးရွာနှင့် သေးဆူလဲကျေးရွာတွင် ဝင်ရောက်တပ်စွဲလျက်ရှိပြီး၊ ထိုကျေးရွားများအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးလျက်ရှိသလို တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၀) ဦးသေဆုံး ကြောင်းအတည်ပြုနိုင်ခဲ့ပြီး (KA)၊ KNDFတပ်ဖက်မှ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
ဒီးမော့ဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ် ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ခုခံတိုက်ခိုက်လျက်ရှိပါသည်။ စက်တင်ဘာလ၂၃ရက်နေ့တွင်လည်း ကုန်းသာရွာကျေးရွာ ကျောက်ဆယ်ကန်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
ဒီမောဆိုးမြို့နယ်အတွင်းတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တစ်ကျော့ပြန်တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဆိုသလို ပြန်လည်ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ တဖြည်းဖြည်းများပြားလာလျက်ရှိသည်။
Photo – ကုန်းသာကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ မီးရှို့