[ English Below ]
By MPA
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင်စစ်တပ်၏ ကျေးရွာများသို့ တိုက်ခိုက်ခဲ့ခြင်းများကြောင့် နှစ်ရက်အတွင်း နေရပ်စွန့်ခွာရသူဒေသခံ ၅၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း စစ်ဘေးရှောင် ဒေသခံများထံမှ သိရသည်။
“ကနီနယ်ထဲက ချင်းတွင်းမြစ်တလျှောက် ရွာတွေအကုန်လုံးကို စစ်တပ်က ဝင်မွှေခဲ့တဲ့ သဘောပေါ့။ ရွာတွေက အများကြီးရှိတယ်။ အဲ့တော့အဲ့မှာရှိတဲ့လူတွေ အကုန်လုံး စစ်ရှောင်ရတဲ့ သဘောမျိုးပါ။ စုစုပေါင်း ၅၀၀၀ ကျော်၊ ၆၀၀၀ ကျော်လောက်ရှိပါမယ်” ဟု ကနီစစ်ဘေးရှောင်စခန်းသို့ရောက်ရှိနေသူ တဦးက MPA ကို ပြောသည်။
ကနီနယ်တွင် တိုက်ပွဲဖြစ်ပွားရခြင်းက မင်းကင်းနယ်မှ စုန်ဆင်းလာသော စစ်တပ်၏ ဝင်ငွေရလမ်းဖြစ်သည့် ကျောက်သင်္ဘောများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်ရာက အစပြုပြီး ဇူလိုင် ၂၃ နှင့် ၂၄ ရက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်အနေဖြင့် ကျောက်သေင်္ဘာများကိုလက်နက် အပြည့်တင်ဆောင်လာပြီး ၎င်းတို့ကိုတိုက်ခိုက်သည့် ရွာများကို လက်နက်ကြီးများဖြင့်တရစပ် ပစ်ခတ်ခဲ့ပြီး အချို့ရွာများကို ဝင်ရောက်ဖျက်ဆီးခြင်း၊ ဓါတ်ဆီလောင်းမီးရှို့ခြင်း၊ အိမ်များမှပစ္စည်းများကို ယူခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အတွက် အဆိုပါကျေးရွာများမှ ဒေသခံများအနေဖြင့် စစ်ဘေးလွတ်ရာများသို့ တိမ်းရှောင်ခဲ့ရသည်။
“လွန်ခဲ့တဲ့ရက်ပိုင်း ကျောက်သင်္ဘော နှစ်စင်း၊ မင်းကင်းကနေ စုန်ဆင်းလာတယ်။ အဲ့တာကို PDF မဟုတ်တဲ့ ပြောက်ကျားရဲဘော်တွေ တိုက်ခိုက်ခဲ့တဲ့ အတွက် ပြန်ဆန်တက်သွားတယ်။ အခုကလုံခြုံရေး အပြည့်နဲ့ စုန်ဆင်းလာတာ။ လက်နက်ကြီးတွေ အမြန်ရေယာဥ်တွေ စစ်အင်အား အများကြီးနဲ့ ဆင်းလာတာ။ အဲ့တာကိုမြစ်ကမ်းတလျှောက်မှာ ပြန်ခံပစ်တဲ့ရွာတွေရှိတယ်။ အဲ့ရွာတွေကို စစ်သေနတ်နဲ့ပစ်တယ်။လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာတွေကို တက်ပြီးမီးရှို့တာမျိုး လုပ်တယ်” ဟု အမည်မဖော်လိုသူဒေသခံတဦးက ဆိုသည်။
ကနီတနယ်လုံးတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ယနေ့အထိစစ်ဘေးရှောင်နေရသည့် ဒေသခံ ၅ သောင်းခွဲကျော် ရှိနေပြီး စားနပ်ရိက္ခာနှင့် နေထိုင်ရေးအတွက်ပစ္စည်းများ လိုအပ်လျက်ရှိနေကြကြောင်း သိရသည်။
#ကနီ #စစ်ဘေးရှောင် #MPA #အကြမ်းဖက်စစ်ကောင်စီ
Over 5000 Displaced in Two Days Following Military Attack in Kani
25 July 2021 By MPA
In Kani township of Sagaing Region, more than 5000 have left their homes in two days to seek shelters due to attacks from the military into villages, we have learnt from local IDPs.
“The military scrambled the whole villages along ChinDwin river in Kani township. There are a lot of villages and all of them are now hiding in shelters. It’s around 5000 or 6000,” said a Kani resident who is now at an IDP camp to MPA.
The reason for clashes in Kani was when the local defense forces attacked the stone ships coming down Min Kin district on July 23 and 24, which were the military’s main source of income.
The military was carrying weapons in the stone ships and they fired a barrage of RPGs into the villages that carried out the attack. They also destroyed, burnt homes and robbed homes.
Therefore, the villagers from those villages had to run away. “Two stone ships came down from Min Kin in recent days. When it encountered an attack from a gorilla group (not PDF), it went back up. Now, they’ve come back with full security; with large-scale weapons and high speed water vehicles. Some villages along the shore fired back. The military fired machine guns and large weapons at them and burnt the villages,” said an anonymous local resident.
A total of over 55,000 have been displaced in Kani since the coup and they are in need of food and basic needs for living.
#Kani #IDP #MPA
မြစ်သောင်ပြင်တွင် စစ်ရှောင်နေရသည့် ဘုတလင်မြို့နယ် ဒေသခံများ ငါးလခန့်ကြသည်အထိ နေရပ်မပြန်နိုင်သေး
ချင်းတွင်းမြစ်သောင်ပြင်တွင် စစ်ရှောင်နေရသည့် ဘုတလင်မြို့နယ်အတွင်းမှ ဒေသခံ စစ်ရှောင်ပြည်သူများ ၅၀၀ ကျော်သည် ငါးလခန့်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးမှု၊ ပြည်သူများကို ဖမ်းဆီးမှုနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများကြောင့်...