မကွေးတိုင်း အထက်မင်းလှမြို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဓမ္မိကတောရ စာသင်တိုက် ၊ မြကင်းတောင်တောရ ဆရာတော် ဦးသာသန သည် ဇူလိုင်လ ၂၈ရက် မနေ့ မနက်ပိုင်းက ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး သာမန် ၉၆ပါး ရောဂါဖြင့်သာပျံလွန်တော်မူသည်ဟု ဆရာတော်ကြီး၏ ရုပ် ကလာပ်အားသယ်ဆောင်လာသူကပ္ပိယက ပြောကြားခဲ့သည်။
ဆရာတော်ကြီးသည် ယမန်နေ့ ၁၁နာရီခွဲချိန်ခန့်တွင် ပျံလွန်တော်မူခဲ့ပြီး COVID positiveတွေ့ရှိ၍ ချက်ချင်းမီးသဂြိုလ်ရန်ပြောဆိုခဲ့သော်လည်း ရုပ်ကလာပ်အား ကပ္ပိယများမှ ဓမ္မိကတောရစာသင်တိုက်သို့ ပြန် လည်ပင့်ဆောင်သွားကြောင်း သိရသည်။
ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် swab testဖြင့်စစ်ဆေးချက်အရ COVID-19 positive ဖြစ်ကြောင်း စစ်ဆေးပေးခဲ့သူ ဒေါက်တာ အောင်ရဲပိုင်က ပြောဆိုခဲ့ကြောင်းသိရသည်။
ဆရာတော်ကြီးသည် အသက် ၉၄ နှစ်အရွယ် သက်တော်ရှည်ဆရာတော်ကြီးဖြစ်ပြီး သံဃမဟာနာယကအဖွဲ့ဝင် ၄၇ပါးတွင် တပါးအပါအဝင် ဖြစ် ကြောင်း သိရသည်။
မကွေးတိုင်း အထက်မင်းလှမြို့နယ် အတွင်း COVID_19 ကူးစက်ခံရသူ အတည်ပြုလူနာ ၉၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀ဦးခန့် ရှိပြီဖြစ်ကာ အဆိုပါမြို့အား Stay at Home သတ်မှတ်ထားကြောင်း သိရသည်။