ရန်ကုန်မြို့မှာ လက်ခုပ်တီးမှုနဲ့ မြို့နယ် ၆ ခုက ပြည်သူ ၃၀ဦးထက်မနည်း အဖမ်းခံရမှု ယနေ့ ညနေ ၄နာရီကဖြစ်ပွားခဲ့သည်။
ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ဦးကျော်သည် စမ်းချောင်း၊ကျောက်တံတား၊တာမွေ၊လှည်းတန်း၊တောင်ဒဂုံ၊မင်္ဂလာဒုံနှင့် ဒလမြို့နယ်တို့ကဖြစ်ကြောင်း ဒေသခံသတင်းပေးများ၏ ပြောဆိုချက်အရသိရသည်။
“ စစ်ကားအလာနဲ့သွားဆုံတာ။လှည်းတန်းမှာ ၄နာရီ ၃၀လောက်က စံရိပ်ငြိမ် လေးလမ်းထဲ ထွက်ပြေးတဲ့ နှစ်ယောက်လွတ်ပြီး လေးယောက်ပါသွားတယ်”ဟု မျက်မြင်သက်သေဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပန်းပဲတန်းမြို့နယ်၊၃၂ လမ်းတွင် လည်း ယနေ့ ညနေ ၄ နာရီက လက်ခုပ်တီးသည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၁၀ ဦးကျော်ကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ယင်းအပြင် တာမွေ၊တောင်ဒဂုံနှင့် ဒလမြို့နယ်တို့က အကြမ်းဖက်စစ်ကောင်စီ သတင်းပေးအားကောင်းသည့် ရပ်ကွက်များတွင် ပြည်သူအချို့ နာမည်အတိအကျ လာရောက်ဖမ်းခေါ်သွားမှုများရှိကြောင်း မြို့ပြပျောက်ကျား ကင်းထောက်အဖွဲ့က သတင်းပေးပို့ခဲ့သည်။
ယနေ့ညနေ ၆နာရီခွဲက စမ်းချောင်းမြို့နယ်၊ဂန္ဓာမာလမ်းအတွင်းက ပြည်သူ ၁၅ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ကတပ်သားအချို့ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေအနေဖြင့် ရန်ကုန်တိုင်းတွင် လူစည်ကားစေရန် ဈေးရောင်းပွဲတော်များကျင်းပပေးပြီး လူစည်ကားစေရန် နည်းလမ်းမျိုးစုံသုံးခဲ့သော် ဖေဖော်ဝါရီလ ၁ရက်နေ့ အသံတိတ်သပိတ်က အောင်မြင်စွာပြီးဆုံးခဲ့သည်။
At Least 40 Civilians from Seven Townships in Yangon Arrested for Clapping
By MPA
In Yangon, at least 30 civilians from six townships were arrested for clapping yesterday evening at 4pm.
The arrested over 40 civilians are from Sanchuang, Kyauktada, Tarmwe, Hledan, South Dagon, Mingaladon and Dala townships, according to reports of the residents.
“They were met with the coming of military trucks. In Hledan at around 4:30pm, on San Yeik Nyein 3 street, two ran and escaped but four were arrested”, said an eye witness.
Similarly, in Pabedan township’s 32 street also at 4 this evening, over 10 civilians were arrested by the terrorist SAC troops saying they had clapped.
In addition to this, there were instances of some civilians being arrested right at their exact addresses in pro-military neighborhoods in Tarmwe, South Dagain and Dala townships, said an urban scouting troop.
At half past six this evening as well, the terrorist SAC troops came and arrested 15 civilians on Gandamar street in Sanchaung township, according to residents.
Even though the terrorist SAC troops held selling festivals and used various methods to gather crowds in Yangon region, the February 1st silent strike was successfully finished.