လေးကေ့ကော်မြို့အနီးတဝိုက်သို့ဒီဇင်ဘာလ၂၄ရက်နံနက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရသည်။
ဒီဇင်ဘာလ ၂၃ရက်နေ့ညပိုင်းတွင် လေးကေ့ကော်မြို့လေးကပေါ်ရေတံခွန်စခန်းကို လေကြောင်းဖြင့်ဗုံးကြဲမှုပြုလုပ်ပြီးနောက် ဒီကနေ့နံနက်ပိုင်းတွင် ယခုကဲ့သို့လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်မှုများပြုလုပ်ခြင်းဖြစ်သည်။
“ ဘယ်နားကိုချနေတာလဲတော့အစ်ကိုတို့အတည်မပြုနိုင်သေးဘူး။ စစ်ရှောင်စခန်းကလူတွေကတော့ရုတ်ရုတ်ဖြစ်နေကြတယ်။ပစ်တာကနီးတော့မနီးဘူး။ ပစ်တာ ၁၀ချက်ကျော်ပြီ” ဟု စစ်ရှောင်စခန်းရှိသတင်းထောက်တစ်ဦးကဆိုသည်။
အကြမ်းဖက်စစ်တပ်သည် လေးကေ့ကော်မြို့သစ်ကို ဒီဇင်ဘာလ၁၄ရက်နေ့ တွင် ဝင်ေရာက်ရှာဖွေမှုများပြုလုပ်ပြီးပစ်ခတ်ခဲ့ရာမှစ၍ လေးကေ့ကော်အတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လေးကေ့ကော်မြို့သစ်အတွင်းဖြစ်ပွားလျက်ရှိနေသောတိုက်ပွဲများကြောင့်လေးကေကော်၊ထီးမယ်ဝါးခီး၊ရသေ့ဂူ၊ဖလူး၊မယ်ထော်သဲလေး၊ပဟီကလော် မင်းလက်ပံစသည့်ကျေးရွာများမှပြည်သူ၁သောင်းဝန်းကျင်ခန့်စစ်ရှောင်နေရသည်။
တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများပြုလုပ်ခြင်းအပြင် လေကြောင်းအသုံးပြု၍ပစ်ခတ်ခြင်းများကိုပါပြုလုပ်လျက်ရှိနေသည်။