မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်တွင် သင်တန်းဆင်းပျူများနှင့် စစ်ကောင်စီတို့ပူးပေါင်းကာ လက်နက် ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိမှန်ဒဏ်ရာရှိခဲ့ကြော င်း ဒေသခံပြည်သူများက ဆိုကြသည်။
သပိတ်ကျင်းမြို့နယ်၊ကြာညှပ်တိုက်နယ်၊မြစ်အရှေ့ဘက်ကမ်းမှဧရာဝတီမြစ်အနောက်ဘက်ကမ်းသို့စစ်ကောင်စီနှင့်ပျူစောထီးများပူးပေါင်းကာ မေလ၁၉ ရက်၊နေ့လည် ၁၁ နာရီခန့်က လက် နက်ကြီး ၈ လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည် ။
” မနက်တုန်းက ကားသုံးစီးနဲ့လက်နက် ကြီးတွေတင်ပြီး ကြာညှပ်ရွာထဲကိုဝင်လာတွေ့လိုက်တယ်။ကြာညှပ်ရွာမှာရှိတဲ့ ရွှေမာလဲ ဘုရားအနောက်ကနေ လ က်နက်ကြီးတွေ ပစ်တာပဲ။လက်နက် ငယ်တွေလည်း ပစ်ကြတယ်။အသံတွေမှ တအုန်းအုန်းပဲ ကြားနေရတာ။” ဟု ဒေသခံတစ်ဦးက MPAသို့ပြောသည်။
ထိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ဧရာ ဝတီမြစ် အနောက်ဘက်ကမ်းရှိ နေအိမ်တစ်လုံး ပျက်စီးကာ၊အသက် ၅၂ အရွ ယ် အမျိုးသားတစ်ဦးလက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင့် မိသားစုဝင်များက ဆိုသည်။
” ကျနော်က အိမ်မှာမရှိဘူး။ပဲစိမ်းငုံစိုက်ဖို့ ယာခင်းဆီကိုသွားနေတာ။မြစ်အရှေ့ဘက်ကမ်းကနေ ပစ်နေတာ တဂျိမ်းဂျိမ်းပဲ။တစ်လုံးက ဒီဘက်ထိမရောက်ဘူး ။မြစ်ထဲမှာကျသွားတာ။ယောက္ခထီးထိထားမှန်းလဲ မသိဘူးလေ။ ပစ်သံတွေငြိမ်သွားမှာ တဲဆီပြန်တော့ ချောင်းဘေးမှာ ယောက္ခထီးကို တွေ့လိုက်ရတာပဲ။အသက်အန္တာရယ်တော့ မစိုးရိမ်ရဘူး။ဟုလက်နက်ကြီးထိမှန်သူမိသားစုဝင်တစ်ဦးက MPA သို့ ရှင်းပြသည်။
ထိုသပိတ်ကျင်းမြို့နယ်ရှိ ဧရာဝတီမြစ်အနောက်ဘက်ကမ်းသို့ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူများ ပူးပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ်များပစ်ခ တ်မှုများအကြိမ်ကြိမ်ပြုလုပ်နေခဲ့ပြီး ယခုကဲ့သို့ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ခြင်းမှာ ပထမဆုံးဖြစ်ကြောင့်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။