ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၈၉/၀) နှင့် (၈၉/၁) ကြား ယနေ့ ၁၁ ရက်နေ့ နေ့လည် ၁၁:၁၅ အချိန်ခန့်တွင် Wish ခဲရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကဒ်တုံးအား၀င်တိုက်မှုဖြစ်ပွားကြောင်း Myanmar fire service department ထုတ်ပြန်ချက်မှသိရှိရသည်။
“ ကားကအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကဒ်တုံးကို၀င်တိုက်တာ ယာဉ်ပေါ်ပါလာတာက ကျား(၁)ဦး မ(၁)ဦးပါ” ဟုတာ၀န်ရှိသူတဦးမှပြောကြားသည်။ ထိုဖြစ်စဉ်ကြောင့်ယာဉ်ပေါ်လိုက်ပါလာသော ကျား (၁) ဦးနှင့် မ (၁) ဦးအနက်မှ မ (၁) ဦးသေဆုံး၍ ကျား (၁)ဦးမှာထိခိုက်ဒဏ်ရာရသော်လည်းမစိုးရိမ်ရသိရှိရသည်။ ” လက်ရှိတွင်၎င်းတို့ကို မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
ယမန်နေ့ ၁၀ ရက်နေ့တွင်လဲ ရန်ကုန်-မန္တလေးအမြန်လမ်းမတွင်လည်းယခုကဲ့သို့အလားတူ ယာဉ်မတော်တဆမှုဖြစ်ပွား၍သေဆုံးသူများ ရှိခဲ့သည်။
အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေခြင်းကြောင့် ယာဉ်များကို အပူရှိန်လွန်ကဲသည် အထိမမောင်းခြင်း၊ သတ်မှတ်အမြန်နှုန်းထက်မမောင်းခြင်းဖြင့် စည်းကမ်းလိုက်နာကြရန်အထူးလိုအပ်ကြောင်း Myanmar fire service department က အသိပေး ပြောကြားထားသည်။