မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို စံကျောင်းတော်ဖြင့်ထားကာ အပူဇော်ခံမည်
မြန်မာသက္ကရာဇ် ၁၃၈၆ ခု၊ တန်ခူးလပြည့်ကျော် (၇)ရက်၊ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ခန္ဓာချုပ်ငြိမ်းတော်မူသော မဟာဗောဓိမြိုင် ဆရာတော်ဘုရားအား ဆရာတော်ဘုရားကြီးကိုယ်တိုင် ရေးခဲ့သော သေတမ်းစာအရနှင့် တာဝန်ရှိတပည့်သာဝကတို့၏အစည်းအဝေးဆုံးဖြတ်ချက်အရ ဆရာတော်ဘုရားကြီး၏ ကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား မီးမပူဇော်ဘဲ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း ဆရာတော်ဘုရားကြီး၏...