Topics:

Yay Way

1 Topics

Found

Photo_  MPA ရန်ကုန်မြို့ရှိသုဿန်တစ်ခုဖြစ်သည့်ရေဝေးသုဿန်တွင်ယခုလတ်တေလာတွင်နာရေးများစုပြုံလျက်ရှိနေပြီးရုပ်လောင်းတစ်ဦးလျှင်အချိန်အနည်းငယ်ဖြင့်သာမီးရှို့သဂြိုလ်မှုပြုလုပ်နေရသည်။ ကိုဗစ်တတိလှိုင်းစတင်သည့်အချိန်တွင်ကူးစက်သူအများအပြားရှိလာခဲ့ပြီးကောင်းစွာဆေးကုသမှုမရရှိခြင်း၊အောက်ဆီဂျင်ပြတ်လပ်ခြင်းများကြောင့်သေဆုံးသူအများအပြားရှိလာခဲ့သည်။ရန်ကုန်တွင်ရှိသည့်သုဿန်များတွင်တွင်လူရုပ်လောင်းအများအပြားကိုနေ့စဥ်သဂြိုလ်ပေးနေရခြင်းဖြစ်သည်။ “ဒီနေ့(ဇူလိုင်လ၁၄)တစ်နေ့ထဲမနက်ပိုင်းတင်ကို၈၀လောက်ရေဝေးသုဿန်မှာသဂြိုလ်ရတယ်။ကျနော်တို့အခြေစိုက်တဲ့မြို့နယ်မှာကို၁၀ဦးထက်မနည်းရှိနေတယ်။အခုသေတဲ့သူတော်တော်များများကအသက်ရှူရပ်တဲ့သူတွေဆိုတော့ချက်ချင်းသဂြိုလ်ရတာများတယ်”ဟုရန်ကုန်အခြေစိုက်လူမှုကူညီမှုအသင်းကဆိုသည်။ ရန်ကုန်မြို့တွင်ကိုဗစ်ကူးစက်လူနာအများအပြားရှိလာခဲ့ပြီးအောက်ဆီဂျင်လိုအပ်ချက်သည်လည်းတနေ့တခြားတိုးပွားလျက်ရှိကာသေဆုံးသူလည်းနေ့စဥ်အရေအတွက်များပြားလာသည်။ ရန်ကုန်အပါအဝင်နိုင်ငံအဝှမ်းကိုဗစ်ရောဂါကာကွယ်ကုသရေးပြဿနာ၊အောက်ဆီဂျင်ပြဿနာနှင့်ကုန်စျေးနှုန်းပြဿနာသာမကပြည်သူလူထုအနေဖြင့် လူတစ်ယောက်၏နောက်ဆုံးခရီးကိုပါအခက်အခဲများစွာဖြင့်ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်။ Crowded Funerals...

Read more

ရွေးချယ်ရန် Topics

Monthly Archive

မေ လ၊ 2024 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031