ကဗျာဆရာ Plug Xရေးသားသည့် “ မြို့ထဲကိုစစ်ကားတွေဝင်လာပြီးကတည်းက” ကဗျာစာအုပ်ရောင်းရငွေကို အညာဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ ၃ခုသို့ လှုဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဗျာစာအုပ်ကို အုပ်ရေနှစ်ထောင်ခန့် ထုတ်ဝေထားပြီး ပြည်တွင်းတွင် ရောင်းချခြင်းမပြုဘဲ ပြည်ပနိုင်ငံများ၌သာ တော်လှန်ရေးရန်ပုံငွေရရှိရေးအတွက် ရောင်းချနေကြောင်း ယင်းစာအုပ်စီစဉ်သူ ကိုသဝေ ကပြောသည်။
တော်လှန်ရေးနှင့်ပတ်သက်ပြီး မြေပြင်တွင် လှုပ်ရှားနေသည့် ကဗျာဆရာ PlugX၏ “ မြို့ထဲကိုစစ်ကားတွေဝင်လာပြီးကတည်းက” ကဗျာစာအုပ်ကို ထိုင်းဘတ်ငွေ ၂၅၀၊အမေရိကန်ဒေါ်လာ ၂၅ဒေါ်လာဖြင့် ရောင်းချလျက်ရှိသည်။
“ အခု ထိုင်းနိုင်ငံက ထောက်ပို့အဖွဲ့နဲ့ အမေရိကန်က ထောက်ပို့အဖွဲ့တွေဆီကနေ ဝယ်ယူလို့ရပါပြီ။ကျွန်တော့်တို့ကဗျာစာအုပ်ရောင်းရငွေတွေ အကုန်လုံးကို လှူဒါန်းသွားမှာပါ။ကဗျာဆရာ Plug Xကိုယ်တိုင်ကလည်း တပြားမှ မယူဘဲ လှူဒါန်းဖို့ရည်ရွယ်ထားတာပါ” ဟု ကိုသဝေက ပြောသည်။
အထက်ပါ ကဗျာစာအုပ်ရောင်းရငွေအားလုံးကို မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့(MRG)၊ပခုက္ကူခရိုင် PDFတပ်ရင်း ၁၃နှင့် တောင်ညိုနဂါး တပ်ဖွဲ့သို့ လိုအပ်သည်များဝယ်ယူနိုင်ရန် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။