နေ့စဉ်မပျက် ငရဲပွက်နေသော အော်ဟစ်သံ၊မီးလောင်တိုက်သွင်းခံနေရသော လူမှုဘဝနှင့် အသက်ကို တောင်းဆိုနေသည့် ကျည် ဆန် တို့၏ ဝေးရာ အသက်လုပြေးလွှားနေရသော ပုံရိပ်များအား အညာဟုခေါ် လျှင် မည်သူမျှ ငြင်းမည်မထင်ပေ။
အညာသည် စစ်တလင်းဖြစ်နေသည်မှာ ကြာခဲ့ပြီ။အညာ ပြည်သူတို့ကို စစ်ဘီလူးတို့က ထိန်းမနိုင် သိမ်းမရ အငြိုးကြီးစွာဖြင့် ရန်သူဟု သတ်မှတ်ကာ စိတ်တိုင်းကျသတ်ဖြတ်နေသည်မှာလည်း ကြာခဲ့ ပြီ။အ ညာဒေသတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် အိုးအိမ်များ ပြာကျနေသည်မှာ မဆန်းတော့ ပေ။
Data for Myanmar ၏ မေလ၃၁ရက်နေ့စစ်တမ်းအရ စစ်ကိုင်းတိုင်းတွင် အိမ်၅၃၈၁၆လုံး၊မကွေး တိုင်းတွင် အိမ်၁၀၄၅၁လုံး။တစ်နိုင်ငံလုံးအတိုင်းအတာအရ အိမ်၇၀၃၂၄လုံး စစ်ဘီးလူးတို့၏ မီးရှို့ဖျက်ဆီးမှု ကြောင့် ပြာကျခဲ့ပြီးဖြစ်သည်။မေ၃၁ရက်၏နက်ဖြန်ခါ နေ့စဉ်စာမျက်နှာများတွင်လည်း တစ်ရက်မပျက် မီး ရှို့ ဖျက်ဆီးနေခြင်းကြောင့် ယခုဆိုလျှင် စစ်တပ်မီးရှို့ ပြာကျအိုးအိမ် တစ်သိန်းပြည့်ရန်ပင် သိပ်မလိုတော့။
စစ်ဘီးလူးတို့က ရွာမြင်လျှင် သေနတ်ပစ်ဖောက်ကာ ဝင်သည်။လူမြင်လျှင် ပစ်သတ်ခြင်းမှာ သက် ကြီးရွယ်အိုနှင့်ကလေးများပင် မချန် ။ရွာထဲသို့ရောက်လျှင် တစ်အိမ်တက်ဆင်း အကြမ်းဖက်ဝင်ရောက် လု ယက်၊အောင်သေ အောင်သားစား။ပြီးလျှင် သားရေပေါ်အိပ် သားရေနားစား ရွာကိုမြေလှန် မီးလောင် တိုက် သွင်း ပြီး နောက်တစ် ရွာဆက်။
အညာပြည်သူတို့မှာ နေ့ခင်းအလင်းတွင်တင်မက အမှောင်ထွန်းနေသော ညကြီးမိုးချုပ်တွင်ပါ ထွက် ပြေးတိမ်းရှောင်နေရသည့်အပြင် နှစ်များစွာကြာချွေးဒီးဒီးကျ ရှာဖွေရုန်းကန်ထားသမျှ ဓနဥစ္စာလည်းဆုံးရှုံးရ၊ ဓနိမိုး ထရံကာ နွမ်းဖတ်ဖတ်အိမ်ရော ဟီးနေသည့်တိုက်ကြီးများပါ မီးလောင်ပြာကျ၊မိသားစုအစာအိမ်ပြဿ နာ နက်ဖြန်ခါအရေးပင် မည်သို့ဆက်တွေးရမည်မသိသဖြင့် မျက်လုံးစုံမှိတ်ထားရ။
ကံကောင်းထောက်မစွာဖြင့် အိုးအိမ်မပျက်သေးသူများမှာလည်း အသက်မသေရေး ပြေးလွှားနေရ ခြင်းကိုပါ နံပါတ်တစ် ဦးစားပေးနေရသဖြင့် တအိအိ ပြိုကျလာသော မိသားစုစီးပွားရေးကို မည်သို့ ထူမတ်ရ မည်မသိ၊လက်မြှောက်ထားရ။
ထို့ကြောင့် စစ်ဘေးသင့်အညာကို တနိုင်တစ်လုတ် ကူထောက်နိုင်ရေး မြို့နယ်အလိုက်စစ်ရှောင်ကူညီ ရေးအဖွဲ့များ ပေါ်ပေါက်လာသည်။များပြားလှသော စစ်ရှောင်များကို ရသမျှ တစ်လုတ် တစ်ဆုပ် ရသလောက် သာ မျှဝေနေရသဖြင့် အမြဲတစေ ဝန်နှင့်အားက ဇောက်ထိုးဆိုသလို။
ထို့နောက် မြို့နယ်အဆင့်ထက်သာလွန်သော ဒေသအလိုက် စစ်ရှောင်ကူညီရေး အဖွဲ့အသင်းအချို့ ပေါ်ပေါက်လာရသည်။S&Cမီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့၊ အညာပစ်တိုင်းထောင် လေးများ…စသည်။သူတို့သည်လည်း ဧရာမကွက်လပ်ကြီးကို အနည်းငယ်ဖြည့်နိုင်စွမ်းထက်မပို။
ယခုနောက်ဆုံးပေါ်မှာ “အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့”ဆိုသည့် ကမ် ပိန်း။ရန်ကုန်မြို့၊၆မိုင်ခွဲက မင်းအောင်လှိုင်မတရားသိမ်းထားသည့်အိမ်ကို ပြည်သူများထံသို့ အစုရှယ်ယာ ပြန် လည်ရောင်းချခြင်း တော်လှန်ရန်ပုံငွေ။အညာမြေကို အားဖြည့်ရန် အမေရိကန်ဒေါ်လာ၃သိန်းခွဲကျော်ရရှိခဲ့ သည် ။အညာ မြေ စစ်ဘေးသင့်ပြည်သူများကို NUGအစိုးရက ပြည်သူတို့ကိုယ်စား ပြည်သူ- ပြည်သူချင်း ပံ့ပိုး ပေးမည့်ငွေ။ထိုငွေပမာဏမှာ မနည်းလှ သော်လည်း အ ညာတခွင် ထိခိုက်ပျက်စီးပမာဏက သိပ်ကြီးမား လွန်းသောကြောင့် လုံလောက်ရန် သိပ်ဝေး လွန်းနေသေး သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ အကူအညီရမှသာလျှင် အညာစစ်ရှောင်များ သက်သာရာရပေမည်။သို့ သော်၊မုန်တိုင်းဒဏ်သင့်ပြည်သူများအကူအညီပေးရေးကိုပင် စစ်ဘီလူးများက ပိတ်ဆို့ထားသဖြင့် မြန်မာပြည် တွင်းရှိကုလနှင့်မိတ်ဖက်အဖွဲ့အစည်းများမှာ အကန့်အသတ်များစွာကြား ရုန်းကန်နေရသည်။
ထို့ကြောင့် စစ်ဘီလူးများက ရန်သူအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ခံနေရသဖြင့် ဒုက္ခပင်လယ်ဝေနေ သော အညာပြည်သူများဆီ ကုလ စာနာမှုအကူအညီပေးရေးအဖွဲ့များက ထောက်ကူပေးရေးမှာ နှစ်ဘဝစာမျှ ဝေးလွန်းလှသည်။ယင်းအ တွက် နိုင်ငံတကာ၏ တုံ့ပြန်မှုမှာ စစ်ဘေးသင့်ပြည်သူများကို လွတ်လပ်စွာစာနာ မှုအ ကူအညီပေးခွင့်ပြုရေး လျှာဖျားလေးဖြင့် တောင်းဆိုရုံမျှသာရှိသည်။
နိုင်ငံတကာ၏လျှာဖျားမှာ အလုပ်မဖြစ်ကြောင်း နှစ်ချီကြာအချိန်ကာလက အကြိမ်ကြိမ်သက်သေပြ ခဲ့ပြီးဖြစ်သည်။ အညာပြည်သူများအပါအဝင် စစ်ဘေးသင့်များထံ စာနာမှုအကူအညီ များရောက်ရှိရေး တစ်ခု တည်းသောနည်းလမ်းမှာ တော်လှန်ရေးအင်အားစုများမှတစ်ဆင့် ပံ့ပိုးရေးပင်ဖြစ်သည်။
သို့သော်၊နိုင်ငံတကာအသိုင်းအဝိုင်းမှာ ယင်းသို့ လမ်းကြောင်းသစ် ရှာဖွေရေးကို မသိချင်ယောင် ဆောင် စိတ်ဝင်စားဟန်မပြ။လျှာဖျားလေးထက်ပို၍ ထပ်အားစိုက်လိုခြင်းမရှိ။စစ်ဘီလူးတို့ သတ်သမျှသေ၊ ပြေးပြီးရင်းပြေးနေသော မြန်မာပြည်သူတို့ဘဝကို နိုင်ငံတကာအသိုင်းအဝိုင်းက စာနာမှုကင်းမဲ့စွာဖြင့် ငုတ် တုတ်ထိုင်ကြည့် နေကြသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။