အကြမ်းဖက်စစ်တပ် အမှတ် ၂၂ ခြေမြန်တပ်မ ဌာနချုပ်မှ တပ်ဖွဲ့ဝင်များက ချင်းပြည်နယ် တီးတိန်မြို့ရှိ အပ်လွယ်ကျေးရွာတွင် ရွံရှာစက်ဆုပ်ဖွယ်ရာ မုဒိမ်းမှုနှစ်ခုကို ကျူးလွန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်တစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် မီးနေသည် တစ်ဦးကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက အုပ်စုလိုက်ဝိုင်းဖွဲ့ကာ အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။
အရက်မူးယစ်သောက်စားထားသည့် အကြမ်းဖက် စစ်တပ်မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့က အပ်လွယ်ကျေးရွာအတွင်း လှည့်လည်သွားရောက်ပြီး မုဒိမ်းမှုများ ဆင့်ကဲ ကျူးလွန်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Civic Defense Milita – CDM Siyin က ပြောသည်။
“လူသားချင်း လုံးဝ မစာနာတဲ့ အရာဖြစ်တယ်”ဟု CD Siyin က ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
အကြမ်းဖက် စစ်တပ်မှ တပ်ဖွဲ့ဝင်သုံးယောက်သည် ကလေးမီးဖွားထားသည်မှာ ၁ လခွဲသာ ရှိသေးသည့် အသက် ၂၇ နှစ်အရွယ် မီးနေသည်တစ်ဦး နေအိမ်ကို နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီခန့်က ဝင်ရောက်ကာ ၎င်း၏ အမျိုးသားရှေ့တွင်ပင် အလှည့်ကျ မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ည ၁၂ နာရီကျော်တွင် အဆိုပါစစ်သားများအနက် ၂ ဦးမှာ ပြန်ရောက်လာပြီး ဒုတိယကြိမ် ထပ်မံ မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ကျေးရွာအတွင်းရှိ အသက် ၃၅ နှစ် အရွယ် ၇လ ကိုယ်ဝန်ဆောင်ထားသည့် ကိုယ်ဝန်အရင့်အမာနှင့် အမျိုးသမီးတစ်ဦးနေအိမ်သို့လည်း ဝင်ရောက်ကာ အလှည့်ကျ မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးများ၏ ခင်ပွန်းယောက်ျားများကိုလည်း ရိုက်နှက်ထုထောင်းကာ ရွှေ၊ ငွေနဲ့ ဖုန်းများကိုလည်း လုယက် ယူငင်သွားခဲ့ကြကြောင်း သိရသည်။
အကျူးလွန်ခံရသူများကို လုံခြုံရာသို့ ပို့ဆောင်ပေးပြီး ဖြစ်သည့်တိုင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကြုံတွေ့နေရကြောင်းလည်း ကျူးလွန်ခံရသူများနှင့် နီးစပ်သူများက ပြောသည်။
စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန်တော်လှန်နေသည့် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်ရာမှ မုဒိမ်းမှုများကိုပါ ဆက်တိုက်ကျူးလွန်မှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ မတိုင်ခင် ကချင်ပြည်နယ်တို့၊ ကရင်ပြည်နယ်တို့မှာ ရာစုနှစ်တစ်ဝက်လောက် ကြုံနေရတာဖြစ်တယ်။ စကစတွေ မပျောက်မချင်း ရှိနေမှာဖြစ်တယ်။ ဒါကြောင့် သူတို့ကို အမြန်ဆုံး ခြေမှုန်းနိုင်ဖို့ လိုတယ်” ဟု CDM Siyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ(၂၂)) သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ဘားအံမြို့တွင်တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သော်လည်း ချင်းပြည်နယ်တွင် စစ်အင်အားတိုးချဲ့ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထ့မှ သိရသည်။
မုဒိန်းကျင့်မှုကို စစ်နည်းဗျူဟာတခုအဖြစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်ထားပြီး နိုင်ငံတကာလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတရပ်အဖြစ် Resolution 1820 သတ်မှတ်ထားသည်။
မြန်မာစစ်တပ်သည် မုဒိန်းကျင့်ခြင်းကို စစ်လက်နက်တခုအဖြစ် တိုင်းရင်းသားဒေသများတွင် စနစ်တကျကျင့်သုံးကျူးလွန်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာချီ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။
22nd Light Infantry Battalion Committed Tow Despicable Rape Cases in Chin State
By MPA
Soldiers from the no. 22nd light infantry battalion of the terrorist military committed two despicable rape crimes in Ap Lwe village, Tedim town of Chin State, according to locals.
A 35-year-old pregnant woman and a 27-year-old (fresh from giving birth) were repeatedly gang-raped on November 11 evening.
On November 11, military soldiers who were drunk went to Ap Lwe village and committed repeated rape crimes and also robbed people’s properties and items, Civic Defense Militia _ CDM Siyin said.
“It’s an absolutely inhumane act” said a spokesperson from CDM Siyin.
Three members of the terrorist military forcibly entered a house at 11 at night and gang-raped a 27-year-old wife who had just given birth a month and half earlier, right in front of her husband.
After that, the same two soldiers came again at past 12am midnight and raped the woman again.
Plus, a 35-year-old 7-month-pregnant woman from the same village was raped after her house was forcibly entered.
Her husband was beaten, his phone was robbed and their possessions (gold, money, phones) were also robbed.
Even though the victims have already been delivered to safety, they are suffering from mental trauma, according to those close to the victims.
In Chin State which is intensely resisting against the military dictatorship, the terrorist military has reinforced its forces in the state and rape cases have been committed after those reinforcements.
“Before us, the same things have been being faced in Kachin, Karen States for more than half a century. This will always be present as long as the SAC (military) is not gotten rid of. That’s why we need to get rid of them as soon as possible”, said an official from CDM Siyin.
Even though the 22nd light infantry battalion headquarters (shortened to TaMaKha (22)) is the infantry headquarters in Hpa-an town of Karen State, which is the territory of the south-eastern military headquarters, they have moved to Chin State for the reinforcement, according to sources close to the terrorist military.
Rape case is designated as a war tactic by the United Nations Security Council and the Resolution 1820 designates it was a threat on international security.
The Myanmar Army has been systematically practicing rape as a weapon of war in ethnic areas for several decades.