By MPA
အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များနှင့်ဆက်စပ်သူ ၄၆ ဦးကို အမှုပိတ်သိမ်းပြီးပြန်လွှတ် ပေးမည်ဟု ဖေဖော်ဝါရီလ ၁၂ ရက်၊ယ နေ့ထုတ်ပြန်ထားသော်လည်း အမှန်တွင် ၃၃ ဦးသာပြန်လွှတ်ပေးသေးကြောင့် ခိုင်လုံသည့်သတင်းရင်းမြစ်များမှသိရသည်။
ထိုလွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ ၂၆ဦး၊ကျောက်ဖြူအကျဉ်းထောင်မှ ၇ ဦးသာလွတ်သေးကြောင့် သိရသည်။
ထိုအပြင်ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက် ဆိပ်ကျေးရွာသား ၅ ဦးအပါအဝင် AA သံသယဖြင့် ဖမ်းဆီးခံထားရသူ ၆၀ ကျော်မှာ ကျန်နေသေးကြောင့်လည်း သိရသည်။
ထိုသို့လွှတ်ပေးခြင်းမှာ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးပြီး ယနေ့ကြေငြာထားသည်။
အာဏာသိမ်းစစ်ကောင်စီကပြည်ထောင်စုနေ့အထိမ်းအမှတ်တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အကျဉ်းသား(၈၁၄)ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသ ည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်ထက်ဝက်လျော့ချလိုက်လည်း ထုတ်ပြန်ထားသည်။
#MPA #ရခိုင်ပြည်နယ် #AA #ပြန်လွှတ်ပေး #အကြမ်းဖက်စစ်ကောင်စီ