ယမန်နေ့(ဧပြီ ၁၉ရက်) ညပိုင်းမှ စတင်ကာ ယနေ့(ဧပြီ ၂၀ရက်) မနက်ပိုင်းထိ ထိုင်း- မြန်မာချစ်ကြည်ရေး တံတား အမှတ် ၂တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် မြ၀တီမြို့ခံများသည် ဘေးလွတ်ရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ထိုင်း- မြန်မာချစ်ကြည်ရေးတံတား ၁ မှ ဝင်ရောက်သူများရှိသကဲ့သို့ တံတား အမှတ် ၂အနီးမှ နေထိုင်သူများသည် သောင်ရင်းမြစ်ကို ဖြတ်ပြီး မဲဆောက်မြို့သို့ ဝင်ရောက်သူများလည်းရှိနေခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ဘေးတိမ်းရှောင်လာသူများသည် လက်ရှိအချိန်ထိ လူဦးရေ နှစ်ထောင်ခန့်ထိရှိနေကြောင်း စစ်ဘေးရှောင် အရေးကူညီပေးနေသူများထံမှ သိရသည်။
ထို့ကြောင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၁နှင့် အမှတ် ၂မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မှတ်တမ်းတင်ထားသည့် ပုံများအား ဖော်ပြအပ်ပါသည်။