ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းတွင်နေထိုင်သည့် ကက်သလစ် ဘာသာဝင်များသည် နိုဝင်ဘာ ၂ ရက်နေ့တွင် ကွယ်လွန်သွားသူများ၏ဝိညာဉ်များ ကယ်တင်ခြင်းရရှိရန်အတွက် ကျန်ရစ်ခဲ့သည့် ဆွေမျိုးမိဘများနှင့်ဘုန်းတော်ကြီးများ အပါအဝင် ဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
နိုဝင်ဘာလသည် ခရစ်ယာန်ဘာသာတွင် ကွယ်လွန်သူများ၏လဟုသတ်မှတ်ထားပြီး ထိုလတွင် ၎င်းတို့ အတွက်ဆုတောင်းပေးသည့် ဆုတောင်းပွဲများပိုမိုပြုလုပ်ကြသည်။ ကက်သလစ်ဘာသာဝင်များသည် လည်း နိုဝင်ဘာလကို ကွယ်လွန်သူများအတွက် အထူးဆုတောင်းပေး သည့်လအဖြစ် သတ်မှတ်ထား သည့်အလျောက် မြန်မာနိုင်ငံအနှံ့အပြားရှိကက်သလစ် ဘာသာဝင်များ ကျင်းပပြုလုပ်သည့်ပွဲ တစ်ပွဲလည်းဖြစ်သည်။
ယခုဒီးမော့ဆိုမြို့နယ်၊ အနောက် ဘက်ခြမ်းရှိ ကက်သလစ်ဘာသာဝင်များ ဆုတောင်းပွဲပြုလုပ်နေ ပုံများကို ဓါတ်ပုံသတင်းအဖြစ်တင်ပြလိုက်ပါသည်။