ဟား ၅ ကောင်အဖွဲ့၏ (၁၀) နှစ်ပြည့် နွေဦးအောင်ပွဲအငြိမ့်ကို မလေးရှား Batu Pahat, Johor မြို့တွင် ဇွန်လ ၁၈ ရက်နေ့က ပြသပြီး ရန်ပုံငွေရှာဖွေပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။
အငြိမ့်ပွဲနှင့်အတူ ဒေါက်တာမီမီဝင်းဘတ်နှင့် မရွှေမိုးတို့၏ Talk Show အပြင် ဟား (၅) ကောင် (၁၀) နှစ်ပြည့်အထိမ်းအမှတ် မေတ္တာလက်ဆောင် ကံစမ်းမဲများ ပေးအပ်ခြင်း အစီအစဉ်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။
ဟား ၅ ကောင်၏ နွေဦးအောင်ပွဲအငြိမ့်နှင့် ပတ်သက်ပြီး ကြည့်ရှုသူများ အကြိုက်တွေ့ခဲ့သည်ဟုလည်း သိရှိရသည်။