By MPA
စစ်ကောင်စီမှ ယမန်နေ့(သြဂုတ် ၃၀ ရက် )မှစ တင်၍ ကယားပြည်နယ်အတွင်းသို့ လေယာဥ်များဖြင့် စစ်သည်အင်အားအများ အပြားပို့ ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီအနေဖြင့် ကချင်၊ ကရင်၊ ချင်း၊ ကယား၊ ရှမ်းမြောက်ဒေသများတွင် ဒေသခံတိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ(EAOs)၊ ဒေသ ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် စစ်ရေးရေချိန်မြင့်တက်နေပြီး ထိုဒေသများထဲမှ က ယားပြည်နယ်သို့ အင်အားအလုံးအရင်းဖြင့် စ တင်ပို့ဆောင်နေကြောင်း သိရသည်။
” မနေ့ကစပြီး လွိုင်ကော်လေဆိပ်မှာ လေယာဥ်တွေဆင်းလာတယ်။ လေယာဥ်ပေါ်မှာ စစ်သား တွေချည်းဘဲ။ တိုက်ခိုက်ရေးဝတ်စုံအပြည့်နဲ့။ တစီးပြီးတစီးအခေါက်ခေါက် ပို့နေတာ။” ဟု မျက် မြင်တွေ့ရှိသူ လွိုင်ကော်မြို့ခံတဦးက MPAသို့ပြောသည်။
ထို့ပြင် နီးစပ်ရာတိုင်းစစ်ဌာနချုပ်များ လက် အောက်ခံတင့်ကားတပ်များမှ တင့်ကား၊ သံချပ်ကာယာဥ်များပါ ရောက်ရှိနေကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
လွိုင်ကော်မြို့နယ်အရှေ့ဘက်၊ လွိုင်လင်လေးအုပ်စု၊ ဒေါတဟေးကျေးရွာအနီးတွင် သြဂုတ်၃၁ရက် နေ့လည်ပိုင်း (၁း၀၀ ) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA) ၊KNDF ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များမှ သာလွန်အင်အားနှင့် လက်နက်ကြီးများဖြင့် အဆက် မပြတ်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲတစ်နာရီခန့် ပြင်းထန်ခဲ့ပါသည်။
အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး၊ KNDFဖက်တွင် အသေးစားထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။
ဩဂုတ်လ(၃၀) ရက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နှင့် လွိုင်လင်လင်းမြို့ အခြေစိုက်တပ်ရင်းများမှတိုက်ပွဲဖြစ်ပွားရာ ဒေါတဟေးကျေးရွာဘက်သို့ အမြောက် များဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လင်းနှင့်၊ တီးလုံကျေးရွာအုပ်စုဘက်သို့ ထိုးစစ်ဆင်လျက်ရှိသည်။
စစ်ကောင်စီရင်ဆိုင်ရမည့် စစ်ဆင်ရေးနယ်မြေများတွင် နယ်မြေအနေအထားအရ ကယား ပြည် နယ်သည် ၄င်းတို့ရုံးစိုက်ရာ နေပြည်တော်သို့ ရှမ်း ရိုးမတလျှောက်မှ ဝင်ရောက်ရလွယ်ကူနေသည်။
ဒေသအလိုက်ဖွဲ့စည်းထားသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များတွင် ကယားပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့-KNDF အဖွဲ့သည် အင် အားအကောင်းဆုံးဖြစ်နေပြီး စစ်ကောင်စီအနေ ဖြင့် လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များထက် PDFတပ်ဖွဲ့များအား ထိုးစစ်များပြုလုပ်လျှက်ရှိသည်။
#ကယား #စစ်ကောင်စီတပ်များ #အင်အားအလုံးအရင်းပို့ဆောင် #KNDF #ထိုးစစ်ဆင်#MPA