မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ စစ်ကိုင်းသို့ချီတက်လာသည့် အကြမ်းဖက် စစ်တပ်ယာဥ်တန်းကို ယောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် YDF မှ သြဂုတ်လ၂၃ ရက်နေ့ ညနေပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃၀ ထက်မနည်းပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
YDF မှ အဖွဲ့ဝင် ၁၆ ဦးက စစ်ယာဥ်တန်းကိုမိုင်းခွဲတိုက်ခိုက်ခြင်း၊ လောင်ချာဖြင့်ထုခြင်း၊ ဂတ်စ်ကို အသုံးပြုသော လောင်ချာများဖြင့် တိုက်ခိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့အသေအပျောက်အများအပြားရှိခဲ့ရခြင်းဖြစ်သည်။
အဆိုပါစစ်ယာဥ်တန်းတိုက်ခိုက်မှုတွင်စစ်သား ၃၀ ထက်မနည်းနေရာတွင်သေဆုံးခဲ့ရပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရရှိကာ စစ်ကား သုံး စီး ပျက်စီးသွားခဲ့ရကြောင်း YDF နှင့် နီးစပ်သူသတင်းရင်းမြစ်တစ်ဦးက MPA သို့ အတည်ပြုပြောကြားသည်။
တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် စစ်တပ်မှ ရမ်းသန်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့သော်လည်း YDF မှထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ နံဘေးမှ နှမ်းခင်းများသာပျက်စီးခဲ့ခြင်းဖြစ်သည်။
YDF အနေဖြင့် ပြည်သူများအတွက် ဒီမိုကရေစီကိုအရယူပေးရန် အကြမ်းဖက်စစ်တပ်ပျက်သုဥ်းသည်အထိ ဆက်လက်တိုက်ပွဲတွင် ပါဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန် ကြေညာထားသည်။
လက်ရှိအချိန်တွင် ယောဒေသအတွင်းတွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက် ည ၈ နာရီမှ မနက် ၄ နာရီခွဲအတွင်း အရပ်သား မော်တော်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ယောပြည်သူ့ကာကွယ်ရေးတပ်က သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။
မြန်မာနိုင်ငံအထက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး စစ်တပ်တာဝန်ရှိသူဇော်မင်းထွန်းထံသို့ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်နေဖြင့် မြန်မာနိုင်ငံအလယ်ကပိုင်းနှင့်အထက်ပိုင်းတို့တွင်စစ်မျက်နှာများဖွင့်ထားပြီးစစ်အင်အားတိုးချဲ့လျက်ရှိနေကာ ပြည်သူ့ကာကွယ်ရေးတပ်များတိုင်းရင်းသားလက်နက်ကိုင်များနှင့်နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။
Photo-CJ(စစ်ကြောင်းချီတက်လာပုံကို ယခင်ကရိုက်ကူးထားသောပုံအဟောင်းဖြစ်ပါသည်)
More than 30 Soldiers Killed Yesterday in a Blast Mine Attack by Yaw Township People’s Defense Force (YDF)
By MPA
A terrorist military convoy making their way to Gangaw township of Magway region got attacked with anti-tank mines by Yaw Defense Force on August 23 evening and more than 30 soldiers were killed on the spot.
The high rate of casualties was caused by the use of gas-propelled RPGs, RPGs and blast mines by a group 16 Yaw Defense Force members.
In the attack, above 30 soldiers were killed and more than 15 were injured and three military trucks were burnt, a source close to YDF confirmed to MPA.
After being attacked, the military arbitrarily fired shots but no YDF was hurt, only sesame fields were damaged.
The YDF has announced that they would continue the battle until the terrorist military is eradicated and until democracy is earned for the people.
As clashes could break out any time in Yaw area, the Yaw People’s Defense Force announced on August 3 for the civilian vehicles to not go out between 8pm and 4:30 am.
Regarding clashes breaking out in the upper part of Myanmar, the military spokesperson Zaw Min Tun was called several times but he couldn’t be reached.
Currently, the Myanmar military is launching military operations in the central and upper parts of Myanmar and they have been faced with the people’s defense forces and the ethnic armed organizations every day.