ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်တစ်ဦး၏ပုံကိုယူပြီး လူမှုကွန်ရက်အ ကောက်ဖွင့်ကာ ပြည်ပရောက်ထောက်ပို့တပ်သားများထံမှ ကျပ်သိန်း ၁၄၂ ကျော်လိမ်လည်သွားကြောင့် ကာယကံ ရှင်များက အတည်ပြုပြောသည်။
အဆိုပါပြည်ပရောက်ထောက်ပို့တပ် သားများထံမှယခုဧပြီလ ၁ ရက်နေ့တွင် Wanna Aung Facebook အကောင့်သည် ဂန့်ဂေါမြို့နယ်မြေခံ အမှတ် ၁ စစ်ဒေသ၊မင်းဘူးခရိုင်တပ်ရင်း (၂) မှ ရဲဘော်တစ်ဦး၏ဓာတ်ပုံကိုယူသုံးကာ ကျပ်သိန်း ၁၄၂သိန်းကျော်လိမ်လည်သွားခြင်းဖြစ်သည်။
“ သူတို့ ကယားမှာ ပွဲကနေတယ်။တပ်အင်အား ၃၀၀မှာ ကျည်က ၁၀တောင့်ပဲ ပါလို့ ကျည်ဖိုးအရေးပေါ် လိုအပ်နေတ ယ်ပြောလို့ လှူလိုက်ကြတာ။” ဟု အလိမ် ခံလိုက်ရသည့်ထောက်ပို့တပ်သားတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့ဟန်ဆောင်လိမ်လည်သူသည် လက်ရှိကယားတွင် တိုက်ပွဲဝင်နေသူဖြစ်ပြီး တပ်အင်အား ၃၀၀မှာ ကျည်က ၁၀တောင့်သာပါသဖြင့် အရေးပေါ် ကျ ည်ဖိုးလိုအပ်နေသဖြင့် ကျပ် ၈၂ သိန်း လှူလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
ထို Wanna Aung Facebook အကောင့်သည် ယခင်ကလည်း PDFတပ်သားတစ်ဦးခြေထောက် ဖြတ်ရလိုက်ရသည်ဟုဆိုပြီး လိမ်လည်အလှူခံတောင်းခဲ့ရာကျ ပ်သိန်း ၆၀ လှူဒါန်းခဲ့ဖူးသည်ဟုလည်းထောက်ပို့တပ်သားများက ဆိုကြသည်။
ထိုကဲ့သို့ဟန်ဆောင်အလှူခံလိမ်လည်နေစဥ်အတွင်း ” Facebook Profile ပုံသည် ဘယ်သူလဲ” ဟု ထောက်ပို့တပ် သားတစ်ဦးကမေးရာ Wanna Aung သည် သူ့ညီဖြစ်ကြောင့် လိမ်လည်ဖြေဆိုခဲ့ကြောင့် ရှင်းပြသည်။
ထိုထောက်ပို့တပ်သားများက အခြား ထောက်ပို့တပ်များနှင့်တပ်မဟာ (၇) တပ်ရင်း(၇၀၂)အား Facebook Profile ပြ၍ မေးသောအခါ Facebook Profile ပုံသည် မင်းဘူးခရိုင်၊အမှတ် ၂ တပ်ရ င်းမှရဲဘော်စစ်သားတစ်ဦးဖြစ်ကြောင်း အကြောင်းပြန်ကြသည်ဟု ထောက်ပို့ တပ်သားများက ဆက်ရှင်းပြသည်။
” ပြည်ပရောက်အမတွေက နေ့မအိပ်ညမအိပ်ကြဘူး။ညဆိုအလုပ်တွေလုပ် နေ့ဆို ဟင်းချက်ရောင်းပြီး ငွေစုပြီး ပို့ပေးကြတာ။သူတို့မို့ လုပ်ရက်ကြတယ်ဆိုပြီး ကျွန်မဒေါသထွက်တာ အသာတွေပါ ဆတ်ဆတ်တုန်တယ်။” ဟုထောက်ပို့တပ်တစ်ဦးက MPA သို့ပြောသည်။
ထိုဖြစ်စဥ်များ၊ငွေကြေးလိမ်လည်ခံရမှုများကို MPA အနေနဲ့သီးခြားအတည် ပြုနိုင်ခြင်းမရှိသော်လည်း ထိုငွေကြေး များကို ဦးမြင့်ကျော်(UMyintKyaw) အမည် Kpay Account သို့ လွှဲထားသည့် သက်သေများကို လက်ခံရရှိထားသ ည်။
စစ်အာဏာသိမ်းပြီးနောက် နွေဦးတော် လှန်ရေးနှင့်အတူလက်နက်ကိုင်တော် လှန်ရေးလှုပ်ရှားမှုများအတွင်း အမည်ခံအလှူခံခြင်းများ၊ငွေကြေးလိမ်လည်မှုများ မကြာခဏဖြစ်ပွားနေကြောင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ကူညီဆောင်ရွက်ပေးနေသူများက ဆိုကြသည်။