ပင်ပန်းဆင်းရဲ ခက်ခဲမှုများကို ရင်ဆိုင်ကာ စစ်ပညာသင်ကြားနေကြသော PDF ရဲဘော်များ၏ မဆုတ် မနစ် စိတ်ဓာတ်ပုံရိပ်များအား အနောက်ပိုင်းတိုင်း၊ တပ်မဟာ(၇)၊တပ်ရင်း (၇၀၂) က ထုတ်ပြန်လိုက်သည်။
ယင်းစစ်သင်တန်းပုံရိပ်များမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင်တပ်ရင်း ၊ အမှတ် (၂ ) စစ်ပညာရပ် မွမ်းမံသင်တန်း အပတ်စဥ်( ၁ ) သင်တန်းဖြစ်ပြီး တပ်ရင်းသင်တန်းဆရာ ဆရာငယော နှင့် ဆရာ Arrow တို့က သင်တန်းသား ရဲဘော်များအား သင်ကြားပို့ချပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများ အားတက်စေရန် ရည်ရွယ်ကာ သင်တန်းပုံရိပ်များကို မျှဝေခြင်းဖြစ်ကြောင်း သိရသည်။
အမှတ်( ၁ ) စစ်ဒေသ၊ မင်းဘူးခရိုင်တပ်ရင်း အမှတ် ( ၂ ) ရဲဘော်များ၏အသက်၊သွေး၊ ချွေး တို့ ကို တိုင်းပြည်နှင့်ပြည်သူလူထုအတွက်ပေးအပ်ကာ အဖိနှိပ်ခံပြည်သူလူထု စစ်ကျွန်ဘဝ မှ အမြန်ဆုံးလွတ်မြောက်နိုင်စေရေးအတွက် ဦးထိပ်ထားလျက်အကြမ်းဖက်စစ်အုပ်စုအား အမြစ်ပြတ်သည်ထိတော်လှန်သွားမည်ဖြစ်ကြောင်းနှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာစေရေးအတွက် စွမ်းစွမ်းတမံကြိုးစားလျက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ထားသည်။