စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် PDF တပ်ရင်းနှစ်ခုပူးပေါင်းကာ တမူးခရိုင်တပ်ရင်း (၁) အဖြစ် ဖွဲ့စည်းပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြောင်း တမူးခရိုင်တပ်ရင်း (၁) ထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် ရှိသော တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ နှင့် တပ်ရင်း ၂ တို့ကို ပူးပေါင်းကာ တမူးခရိုင်တပ်ရင်း (၁) အဖြစ်ဖွဲ့စည်းခဲ့ကြောင်း တမူးခရိုင်တပ်ရင်း (၁) မှ သတင်းအရင်းအမြစ် တစ်ဦးက ပြောပြသည်။
“တမူးခရိုင်တပ်ရင်း (၁) ဖွဲ့စည်းလိုက်ပါပြီ။ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်”ဟု ၎င်းက ပြောသည်။
တမူးခရိုင်တပ်ရင်း (၁) အဖြစ် ဖွဲ့စည်းမှုသည် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများကြောင့် သာမက တမူးမြို့နယ်အတွင်း မြေပြင်လိုအပ်ချက်များအရ ဖြစ်ကြောင်း သိရသည်။
တမူးခရိုင်တပ်ရင်း (၁) အနေဖြင့် NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်မှနေ၍ သက်ဆိုင်ရာ စစ်ဒေသ၏ ကွပ်ကဲမှုကိုခံယူကာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။