ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF သင်တန်းဆင်းရဲဘော်များ သစ္စာရေသောက်ခဲ့ ကြကြောင်းသိရသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF ဗျူဟာ(၃)၊အပတ်စဉ်(၂) သင်တန်းကိုKNDF တပ်ရင်း(၁၀) ၊တပ်ရင်း(၉)နှင့် တပ်ရင်း(၁၅)မှ ရဲဘော်များ တက်ရောက်သင်ယူခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း KNDF တပ်ရင်း ၁၀ က ယနေ့ထုတ်ပြန်သည်။
သင်တန်းဆင်းပွဲတွင် တာဝန်ရှိ KA၊ KNDF မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းသားများက စစ်ရေးပြခဲ့ကြသည်။
သင်တန်း ဖြစ်မြောက်ရေး နှင့် ပြီးဆုံးသည် အထိ ပါဝင်ကူညီ လှူဒါန်းပေးခဲ့သည့် အလှူရှင်များကိုလည်း ကျေးဇူး အထူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။