Cobra Column တပ်ခွဲ – ၃က ရဲဘော်၊ ရဲမေ တော်လှန်ရေး စုံတွဲ ၅ တွဲ၏ မင်္ဂလာပွဲကို ယနေ့ကျင်းပသည်။
ယနေ့ မင်္ဂလာပွဲကို Cobra Column တပ်ခွဲ ၃ ၏ ဌာနချုပ်အတွင်း ကျင်းပခြင်းဖြစ်ပြီး လက်ထပ်ထိမ်းမြားပေးခြင်းကို တပ်ခွဲ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။
“ ဒီနေ့ဆောင်တယ်အစ်ကိုရေ။ စုံတွဲ ငါးတွဲပါ” ဟု နီးစပ်သည့် ရဲဘော်တစ်ဦးက ပြောသည်။
မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကျင်းပရန် တပ်ခွဲ ၃ ရဲဘော်များက မင်္ဂလာဆောင်မဏ္ဍပ်ကို ယနေ့မနက်က ဝိုင်းဝန်းတည်ဆောက်ပေးခဲ့သည်။
ယနေ့ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားသို့ အခြားတပ်ခွဲများက ရဲဘော်များ ကြွရောက်ချီးမြှင့်ပေးရန် လည်းဖိတ်ကြားထားသည်။