စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် လက်လုပ်မိုင်းသယ်လာသည့် PDF ရဲမေ၂ဦးကို စစ်ကောင်စီတပ်က စစ်ဆေးစဉ် မိုင်းဖောက်ခွဲကာ စစ်သားများကိုပါ သေတွင်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၇ရက်နေ့က ကောလင်းမြို့ပတ်လည်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေစဉ် စစ် ကြောင်း၏ရှေ့သို့ ကြိုရောက်နှင့်အောင် လက်လုပ်မိုင်းသယ်ဆောင်ကာ ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့သည့် PDF ရဲမေ၂ဦးသည် စစ်ကြောင်းရှေ့ပွိုင့်နှင့် ရင်ဆိုင်တိုးကာ စစ်ဆေးခံနေရချိန်၌ မိုင်း ရီမု နှိပ်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Kawlin Revolution ကထုတ်ပြန်သည်။
“PDFရဲမေ၂ဦးလည်း ပွဲချင်းပြီးကျဆုံးသွားတယ်။ စစ်သားတွေလည်းသေတယ်။ အင်မတန်လေးစားစရာကောင်းတဲ့ သူရဲကောင်းစိတ်ဓာတ်ပါပဲ။ ရန်သူ့လက်ထဲမှာ အသေမခံဘူး။ ကိုယ့်အသက်ကိုယ် ဖောက်ခွဲပစ်ရုံတင်မကဘူး။ စခတွေကိုပါ အပါခေါ်သွားခဲ့တယ်။နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့တဲ့သူတွပါ။ ကောလင်းတစ်မြို့လုံး လေးစားစိတ်မကောင်းဖြစ်ရတယ်”ဟု ကောလင်းမြို့၊ရေကျော်ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
ကျဆုံးခဲ့သည့် PDF ရဲမေ ၂ဦးမှာ ဒေါ်စုစုရည် (၄၅နှစ်)နှင့် မနှင်းဆီလှိုင်(အသက်၂၀)တို့ဖြစ်ပြီး ဒေါ်စုစု ရည်၏အိမ်မှာ ဇန်နဝါရီ 8 ရက်က နေအိမ်ချိပ်ပိတ်ခံရကာ အိမ်ဖျက်ဆီးခံရကြောင်း Kawlin Revolution ကဆို သည်။
ဇန်နဝါရီ၇ရက်နေ့၊နံနက် ၉နာရီ၁၅မိနစ်လောက်က စစ်ကောင်စီတပ်သည် ကျို့ခုံနှင့် ဝါးရုံခုံ ရွာမှ မင်းချမ်း၊တဲကြီးကုန်း (ယခု မင်းတဲကြီး)ကို စစ်ကြောင်းထိုးလာစဉ်PDFရဲမေ၂ဦးက စစ်ကြောင်းရှေ့ သို့ကြိုရောက်အောင် ဆိုင်ကယ်ဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။