အကျဥ်းဦးဌာနအောက်ရှိ အင်းစိန် ဗဟိုအကျဥ်းထောင်နှင့် နေပြည်တော် အကျဥ်းထောင်၊ ကရင်ပြမည်နယ်ရှိ အလုပ်စခန်းတချို့မှ အကျဥ်းသား/အချုပ်သားများအား ဇူလိုင်လ ၂၈ ရက်နေ့ကစတင်၍ ပထမအကြိမ် ကိုဗစ်ကာ ကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း အကျဥ်းဦးစီး ဌာနက သိရသည်။
အဆိုပါ ထောင်များ၊ အလုပ်စခန်းများမှ အကျဥ်းသား၊ အချုပ်သား ၂၀၀၀ ကျော် ထိုးနှံပေးပြီး ကျန်အကျဥ်းထောင်၊ အလုပ်စခန်းများကိုလည်း ဆက်လက် ထိုးနှ့ပေးရန် ရှိသည်ဟု သိရသည်။
“ စထိုးတာ ၂ရက်ရှိပြီ။ အင်းစိန်ပါတယ်၊ နေပြည်တော်ပါတယ်။ ကရင်ပြည်နယ်ထဲက ကုန်ထုတ်စခန်း တချို့က အကျဥ်းသား၊ အချုပ်သားတွေပါတယ်။ နေပြည်တော်က ၆၇၀ ကျော်နဲ့ အကုန်ပြီးပြီပေါ့။ အင်းစိန်ကတော့ ထိုးဖို့ဆန္ဒပြုထားတာ ၂၅၀၀ ရှိတယ်။ အသုတ်ခွဲပြီးထိုးပေးနေတယ်” ဟု နေပြည်တော်ရှိ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးတဦးက MPA သို့ ပြောသည်။
ထိုးပေးသော ဆေးများသည် တရုတ်နိုင်ငံမှ ကူညီပံပိုးပေးသည့် Sinovac ဆေးများလည်း ပါဝင်ပြီး ဆေးရရှိမှု့ပေါ် မူတည်ကာ Sinopharm ဆေးများနှင့် ဒေသတခုချင်း မတူညီကြောင်း သိရသည်။
Sinovac ဆေးသည် တရုတ်ကာမ္ပဏီမှ ထုတ်လုပ်သော်လည်း မူလ ဆေးထုတ်လုပ်သည့် အင်ဒိုနီးရှားမှ ဆေးပညာရှင်ကိုယ်တိုင် ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့သည်။
အကျဥ်းသား/အချုပ်သားများ ထိုးနှံပေးရာတွင် နိုင်ငံရေး အကျဥ်းသားများ၏ အခြေနေနှင့် တိတိကျကျ မသိရသော်လည်း ထိုးနှံရန် စာရင်းပေးသူများကို ဦးစားပေး ထိုးနှံသည်ဟု သိရသည်။
COVID-19 တတိယလှိုင်းကြောင့် မြန်မာနိုင်ငံတဝှမ်း အကျဥ်းထောင်အများအပြားတွင် ကိုဗစ်ရောဂါပိုး ထောင်တွင်းကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။