By MPA
Lock Down ၁၄ ရက် ချထားသော ရန်ကုန်၊ အင်းစိန်ထောင်ရှိ သီးသန့်ထောင်တွင် ရှိနေသော ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီးဟောင်း ဦးနိုင်ငံလင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွင် ထင်ရှားသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ Covid 19 ကူးစက်ခံရမှု ရှိသည့်သတင်း မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။
လက်ရှိ အဆိုပါ သီးသန့်ထောင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းနှင့် ဒေါက်တာ မော်မော်ဦးတို့မှ လွဲပြီး ထပ်တိုးကူးစက်သူ မရှိသေးဟု ၎င်းက ပြောသည်။
“ အပြင်မှာထွက်နေတဲ့ ကိုနိုင်ငံလင်းနဲ့ ကိုမင်းထင်ကိုကိုကြီးတို့ ကိုဗစ်ကူးတယ်ဆိုတဲ့ သတင်းက အမှားပါ။ မဟုတ်ပါဘူး။ သီးသန့်ထောင်မှာ ဘယ်သူမှ ထပ်ကူးစက်တာ မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။
သီးသန့်ထောင်အတွင်း ရွှေညဝါ ဆရာတော် အပါအဝင် NLD ၏ ထင်ရှားကြသူ အများစု ထားရှိထားပြီး ဦးဉာဏ်ဝင်းကိုတော့ လက်ရှိအချိန်တွင် ရန်ကုန်ဆေးရုံကြီး၏ အထူးကြပ်မတ် ကုသဆောင် ICU တွင် ကုသပေးနေကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာနေသကဲ့သို့ တစ်ရက်အတွင်း ကိုဗစ်ကြောင့် လူသေဆုံးမှုနှုန်းများလည်း မြင့်တက်နေလျက်ရှိသည်။
သို့သော် နိုင်ငံတကာနှင့် ပြည်သူအများက ၎င်းတို့ အာဏာသိမ်းမှုကြောင့် ပြည်သူအများ ဆန့်ကျင်ကန့်ကွက်နေမှုကို လျစ်လျူရှုကာ တိုင်းပြည်အာဏာ ဆက်လက်ဆုတ်ကိုင်ရန် ကြိုးပမ်းနေလျက်ရှိသည်။
မြို့ပြကြီးများတွင် ထူထူထောင်ထောင် ရှိနေသည့် ကိုဗစ်ကူးစက်ခံရသူများကို နေအိမ်တွင်သာ ကုသမှုခံယူရန် ပြန်လွှတ်နေပြီး အောက်ဆီဂျင် လိုအပ်သည့် လူနာများအား ဖြန့်ဖြူးပေးနေသည့် ပရဟိတ လုပ်ငန်းများကိုပင် နည်းမျိုးစုံဖြင့် တားမြစ်ဟန့်တားမှု ပြုလုပ်လျက်ရှိသည်။
သို့သော် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြည်သူအများ မလိုလားအပ်ဘဲ အောင်ဆီဂျင်များ အလုအယက် လုပ်နေသလို နိုင်ငံရေး အသုံးချမှု အချို့ရှိနေသဖြင့်ဟု ယမန်နေ့က သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။
#ကိုဗစ် #အင်းစိန် #အကျဥ်းသား # MPA
မြိုင်မြို့နယ် ကျောက်ဆောက် နှင့် တောင်ရွာမှ ပြည်သူ ၄၀ ခန့်အား စစ်ကောင်စီ နှိပ်စက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက် နှင့် တောင်ရွာများသို့ ယမန်နေ့( စက်တင်ဘာလ ၃၀ ရက်)၊ မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်း၊ ရောက်ရှိလာခဲ့ပြီး တောထဲ(လယ်စောင့်တဲ)တွင် စစ်ရှောင်နေကြသော ပြည်သူ ၄၀ ခန့်အား ဖမ်းဆီးခဲ့ကြောင်းသိရသည်...