By MPA
စစ်တပ်အခြေစိုက်စခန်း များပြားစွာရှိသဖြင့်စစ်တပ်မြို့ဟု ခေါ်ဆိုကြသည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ကိုStay at Home မြို့အဖြစ်သတ် မှတ်ကြောင်း စစ်ကောင်စီ လက်အောက်ခံကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေငြာသည်။
ပြင်ဦးလွင်မြို့တွင် COVID-19 ကူးစက်မှုမြင့်တက်နေပြီး အတည်ပြုလူနာ ၁၅၀ ကျော်ကူးစက်ခံထားရပြီး ၁ ဦးသေဆုံးခဲ့ကာမန္တလေးတိုင်း အတွင်း အတည်ပြုလူနာ ၁၀၀၀ ကျော် ကူးစက်ခံထားရကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနစာရင်းများအရ သိရသည်။
စစ်ကောင်စီမှ ဇူလိုင်လ ၂ ရက် တွင် COVID-19 ကူးစက်မှုနှင့် သေဆုံးမှုမြင့်တက်နေသဖြင့်ပြင်ဦး လွင်မြို့၊ ရှမ်းပြည်(မြောက်ပိုင်း)နောင်ချိုမြို့၊ စစ် ကိုင်းတိုင်း ဟုမ္မလင်းမြို့ တို့အား Stay at Home မြို့အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့၍ မြန်မာနိုင်ငံတစ်ဝှမ်း စုစုပေါင်း ၂၃ မြို့ထိရှိပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂ ရက် ယနေ့ထိ CO VID-19 အတည်ပြုလူနာ ၁၆၁၂၁၀ ဦး ကူးစက်ခံထားရပြီး ၁၃၇၄၁၅ ဦး ပြန်လည်ကောင်းမွန်ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၃၃၆၄ ဦး ရှိပြီ ဖြစ် ကြောင်းသိရသည်။
#ပြင်ဦးလွင် #စစ်တပ် #Covid_19 #MPA #Myanmar