By MPA
နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID- 19 ရောဂါပိုးကူးစက်မှုမြင့်တက်နေသဖြင့် လူစု လူဝေး မပြုလုပ်ရန် ဇူလိုင်လ ၁ ရက်နေ့က ညွှန်ကြားခဲ့ပြီး ဇွန်လဆန်းပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည့် အခြေခံပညာကျောင်းများ မပါဝင်ကြောင်း သတင်းရရှိသည်။

လူစုလူဝေးဖြင့် ပြုလုပ်ရမည့် ကိစ္စရပ်များဖြစ် သည့် အခမ်းအနား၊ ပွဲလမ်းသဘင်၊ ရုပ်ရှင်ရုံ၊ ဘော်ဒါဆောင်၊ မူကြိုကျောင်း များအား ယခုလကုန်ထိ ဖွင့်လှစ်ခွင့်မပြုကြောင်း နေပြည်တော်ကောင်စီရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
” လူစုလူဝေးမလုပ်ဖို့တော့ကြေငြာတယ် ။ အလှူတို့၊ မဂ်လာဆောင်တို့ပေါ့။ စာသင်ကျောင်းတွေ ကိုတော့ ပိတ်မပေးသေးဘူး။ မဖွင့်ရဘူးလို့လည်း မပြောဘူး။ ကျမတို့က အရင် တစ်ပတ်လောက်ထဲက ကလေးကို ကျောင်းမပို့တော့တာ။
ခုလည်း ပိတ်တဲ့ကျောင်းတွေလည်း ပိတ်နေတယ် ။ ဖွင့်တဲ့ကျောင်းတွေလည်း ဖွင့်တုန်းဘဲ။ ” ဟု နေ ပြည်တော်ဒေသခံ ကျောင်းသားမိဘတစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီမှ ဇွန်လ ၁ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း စာသင် ကျောင်းများအားလုံး ဖွင့်လှစ်ခဲ့ပြီး ရော ဂါကူးစက်မှုမြင့်တက်ခဲ့သည့် ဇွန်လ ဒုတိယပတ်ပတ်မှ စတင်၍ နေပြည်တော်နှင့် မြို့နယ်အချို့မှ ကျောင်းတက်ရောက်သူနည်းပါးသည့် စာသင် ကျောင်းများ ပြန်လည်ပိတ်ထားခဲ့ပြီး Stay Ho me ကြေငြာထားသည့်မြို့များမှ ကျောင်းများလည်း ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ နိုင်ငံတစ်ဝှမ်းရှိကျောင်းများ အား စစ်ကောင်စီမှ တရားဝင်ပိတ်ပေးခြင်း မရှိသည့်အတွက် အခြေခံပညာအသိုင်းအဝိုင်းနှင့် ကျောင်းသားမိဘများကြားတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ဇူလိုင်လ ၁ ရက်နေ့ မနေ့ကထိ COVID-19 အတည်ပြုလူနာ ၂၀၀၀ခန့် ကူးစက်ခံထားရပြီး သေဆုံးသူ ၁၀ ဦး ရှိပြီဖြစ်သော်လည်း ယင်းသို့လူစုလူဝေး မပြု လုပ်ရန်သာကြေငြာထားပြီး Stay at Home သတ်မှတ်သည့်မြို့ မရှိသေးကြောင်း သိရသည်။
#နေပြည်တော် #COVID-19 #လူစုလူဝေး #MPA