By MPA
Covid-19ရောဂါမြန်မာနိုင်ငံအတွင်းစတင်ဖြစ်ပေါ်ခဲ့သည့်၂၀၂၀ပြည့်နှစ် မတ်လကုန်ပိုင်းမှစ၍ယနေ့အချိန်အထိ အကျဉ်းထောင်အသီးသီးတွင် Covid-19ရောဂါ ကြောင့် သေဆုံးသူ၃ဦးသာရှိကြောင်းသိရသည်။
“ လတ်တလောတော့မရှိဘူး။အကျဉ်းထောင်အသီးသီးမှာပြီးခဲ့တဲ့second wave က အကိုတို့ အကျဉ်းထောင်ဝန်ထမ်းတစ်ဦး၊အကျဉ်းသားဦးနှင့် အကျဉ်းသူတစ်ဦးသေဆုံးခဲ့တယ်” ဟု မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
လက်ရှိအချိန်တွင်အကျဥ်းထောင် ပြင်ပတွင်ကိုဗစ်တတိယလှိုင်းစတင်ပြီဟုဆိုနိုင်သည်အထိ ကိုဗစ်ကူးစက်မှုများမြင့်တက်လျက်ရှိနေသည်။
“ အထဲမှာတော့ အနံပျောက်တာတွေ။ဖျားတဲ့သူတွေရှိတယ်။ ကျနော်နေတဲ့အခန်းမှာဆို လူရှစ်ဆယ်ကျော်ထားတယ်။ အဲ့ထဲမှာ၁၀ယောက်ကျော်ကျော်လောက်ကအနံ့ပျောက်နေတယ်။ထောင် ဆေးခန်းကဆေးပေးတာမျိုးတော့ရှိတယ် အခြားထွေထွေထူးထူးတော့မရှိပါဘူး” အင်းစိန်ထောင်မှလွတ်မြောက်လာသူတစ်ဦးက လက်ရှိအခြေအနေကို MPAသို့ပြောသည်။
အကျဉ်းဦးစီးဌာနအနေဖြင့်မက်တပ်ခိုင်းခြင်း၊လက်ဆေးခြင်း၊(နံနက်၊နေ့လယ်၊ ညနေ) သုံးကြိမ်ဆားရည်ဖြင့်ပလုတ်ကျင်းခြင်း၊ဂျင်းနှင့်ကွမ်းရွက်ကိုထန်းလျက်ဖြင့်ပြုတ်တိုက် ခြင်း၊ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပေးထားသော test kitဖြင့် စစ်ဆေးခြင်း၊ ရောဂါလက္ခဏာတွေ့ရှိပါက quarantineသတ်မှတ်ရက်များပြီးဆုံးမှသာ အထဲသို့ဝင်ခိုင်းခြင်းစသည့်တို့ဖြင့်ကိုဗစ်ကာကွယ်ရေးပြုလုပ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အကျဥ်းထောင် ၄၀အကျော် ရှိပြီးကိုဗစ်ကာလအတွင်းကိုဗစ်အတည်ပြုလူနာ ၇၀ကျော်ရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာနကဆိုသည်။