By MPA
ရခိုင်ပြည်နယ် ၊မောင်တောခရိုင်သို့ ရန်ကုန်မှ ပြောင်းရွှေ့လာတဲ့ နယ်ခြားစောင့်ဝင်နဲ့သူတို့မိသားစုတွေအပါအဝင် ၉၃ ဦးမှာ ဇူလိုင်လ ၁ ရက်၊ဒီနေ့မှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။
“ နယ်ခြားစောင့်၊လဝကရယ်၊မိသားစုဝင်တွေလည်း ပါတယ်။ အကုန်လုံး ၉၃ ယောက်ပါ။သူတို့ကို သီးသန့်ထားပါတယ်။” လို့ မောင်တောခရိုင်ဆေးရုံအုပ်
ဒေါက်တာနုကေသီစံက ပြောပါတယ်။
အဆိုပါနယ်ခြားစောင့်တွေဟာ ဇွန်လ ၂၉ ရင်နေ့က ရန်ကုန်မှ မောင်တောခရိုင်သို့ တပ်မတော်(ရေ)ကမ်းတက်ရေယာဥ်နဲ့ရောက်ရှိလာကြသူတွေဖြစ်ပြီး သူတို့ထဲက တပ်ဖွဲ့ဝင် ၂ ဦးမှာ အနံ့မရသဖြင့် စစ်ဆေးပိုးတွေ့ခဲ့ရာမှ တက်စပ်ကူးစက်သွားတာလို့ သိရပါတယ်။
“ မောင်တောဒေသခံတွေကတော့ စိုးရိမ်တာပေါ့။ဒေသခံတွေက အစကတည်း က စီးပွားရေးတွေအဆင်မပြေတော့သွားလာရေးတွေ အကုန်လုံးပိတ်လိုက်မှာကို စိုးရိမ်နေကြပါတယ်။ ” လို့ မောင်တောဒေသခံတစ်ဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းတွင် ဇူလိုင်လ ၁ ရက် ယနေ့ နေ့လည်အထိ ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိနေပြီး မောင်တောမြို့တွင် ပိုးတွေ့လူနာ ၁၀၀ ကျော်ဖြင့် အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။