By MPA
နေပြည်တော်ကောင်စီနယ်မြေအတွင်းအကြမ်းဖက်စစ်တပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၆၀၀ ကျော်ရှိနေပြီးနေပြည်တော်သည်တနိုင်ငံလုံးတွင်ကူးစက်မှုအများဆုံးဖြစ်နေကြောင်းသိရသည်။
နေပြည်တော်ကောင်စီနယ်မြေ သီရိ ၆ မြို့နယ်နှင့် ပျဥ်းမနား၊ လယ်ဝေး၊တပ်ကုန်း ၉ မြို့နယ်အ တွင်း CO VID-19 အတည်ပြုလူနာတွေ့ရှိမှု နေ့စဥ်မြင့်တက်ခဲ့ရာမှ ဇွန်လ ၂၈ရက် မနေ့ကထိ ၁၈၀၀ ကျော် ကူးစက်ခံထားရပြီး ဇေယျာသီရိမြို့နယ်တွင် ၆၀၀ ကျော်နှင့် အများဆုံးဖြစ်၍ ဇဗ္ဗူသီရိမြို့နယ်တွင် ၅၀၀ ကျော်ဖြင့်ဒုတိယအများဆုံးဖြစ်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်း မာရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID -19 ရောဂါပို ဒုတိယအများဆုံးတွေ့ရှိသည့်ဇဗ္ဗူ သီရိမြို့နယ် သပြေကုန်းအနီးမစိုးရိမ်စာသင်တိုက်မှ သံဃာအပါး၂၀၀ကျော်စစ်ဆေးခဲ့ရာ ၁၈၀ နီးပါးထိတွေ့ရှိပြီး အစုလိုက်အပြုံလိုက် ကူးစက်ခြင်းခံထားရကြောင်း သိရသည်။
နေပြည်တော်တွင် COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် စစ်ဆေးဆောင်ရွက်မှုများပြုလုပ်နေသော်လည်း ရောဂါတွေ့ရှိမှုနှုန်း မြင့်တက်နေဆဲဖြစ်သည်။
ယင်းသို့ ကူးစက်မှုမြင့်တက်နေသော်လည်း နေပြည်တော်အတွင်းရှိ စာသင်ကျောင်းများ ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး စျေးကြီးများပိတ်မည်ဟုသတင်းများသာထွက်ပေါ်နေကြောင်း နေပြည် တော်ရှိ ဒေသခံ အချို့ထံမှ သိရသည်။
COVID-19ရောဂါ ကူးစက်မှု မြင့်တက်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို MPAမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန်မအားသေး ကြောင်းသာပြန်လည်ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် COVID-19 တတိယလှိုင်းကြောင့် ကူးစက်မှုနှင့် သေဆုံးမှုနှုန်း မြင့်တက်နေသည့် မြို့များအား Stay at home သတ်မှတ်ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်ထိ ကူးစက်ပျံ့ပွားမှု နှုန်း မြင့်တက်လျက်ရှိနေဆဲ ဖြစ်သည်။
Photo_ MPA( ယခင်ရိုက်ကူးထားသည့်စစ်သားတစ်ဦး ကိုဗစ်အကာအကွယ်များဖြင့်လုံခြုံရေးယူနေသာပုံဖြစ်ပါသည်။)