နတ်တောင်မော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရွာသားခုနှစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိုသို့တိုက်ခိုက်ခံရမှုအတွင်း အရပ်သားခုနှစ်ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီလေတပ်က မေ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ "ရွာနားမှာတိုက်ပွဲဖြစ်နေတော့ ရွာထဲကိုပါကြဲချတာ၊ ပွဲချင်းပြီးက...