By MPA
၁၉၆၂ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့်ဦးလှရွှေကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။
နောက်ဆုံးလက်ကျန်အောက်ဆီဂျင်ပြတ်ပြီးသေဆုံးသွားကြောင်း၎င်း၏သမီးဖြစ်သူကလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
ဦးလှရွှေသည်ဗိုလ်နေဝင်းဦးဆောင်သည့်စစ်တပ်ကကျောင်းသားသမဂ္ဂအဆောက်အဦဖြိုဖျက်ခဲ့သည့်သမိုင်းဝင်နေ့ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ကျောင်းသားတစ်ဦးဖြစ်သည်။ဦးလှရွှေသည်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၏အတွင်းရေးမှူးဟောင်း၊အိုးဝေမဂ္ဂဇင်းအယ်ဒီတာဟောင်းဖြစ်ပြီးနိုင်ငံရေးစာများကိုအောင်သာ(PPP)ဟူသောစာများကိုရေးသားခဲ့သည်။
#ABFSU ##ဗကသ #ဦးလှရွှေ #ကွယ်လွန် #MPA
မပေါက်သေးသည့် လက်နက်ကြီး ကိုင်မိရာမှ ပေါက်မှုဖြစ်ပွားကာ ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ သီရိရပ်ကွက်တွင် မပေါက်သေးသည့် လက်နက်ကြီးကို ကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ မေ ၁၆ရက်၊ နံနက် ၉နာရီခန့်တွင် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်...